Social Icons

Pages

Friday, January 11, 2019

အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား ဗုဒ္ဓပူဇနိယ ပွဲအတွက် လေလံလျှောက်လွှာများ တင်သွင်းနိုင်

-
မိုးညှင်း  ဇန်နဝါရီ  ၁ဝ 
-
ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ အင်းတော်ကြီးရွှေမဉ္ဇူ ရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အတွက်   လေလံလျှောက်လွှာများ တင်သွင်းနိုင်ကြောင်း သိရသည်။ 
-
အဆိုပါ  အင်းတော်ကြီး ရွှေမဉ္ဇူရေလယ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ကာလအတွင်း ဆောင်ရွက်မည့် ကားရပ်နားရန် နေရာအတွက် လေလံကြမ်းခင်းဈေး ငွေကျပ် သိန်း ၆ဝ နှင့်အာမခံငွေကျပ်သုံးသိန်း၊ ဆိုင်ကယ်ရပ်နားရန် နေရာအတွက် လေလံကြမ်းခင်းဈေး ငွေကျပ် သိန်း ၁၈ဝ နှင့် အာမခံငွေကျပ်ငါးသိန်း၊ ဈေးဆိုင်ကြီး လေလံကြမ်းခင်းဈေးငွေ ကျပ်သိန်း ၃ဝဝ နှင့် အာမခံငွေကျပ်ငါးသိန်း၊ လျှပ်စစ်မီးလေလံကြမ်းခင်းဈေး ငွေကျပ်သိန်း ၆ဝ နှင့် အာမခံငွေကျပ်သုံးသိန်း၊  ဓာတ်ပုံရိုက်ကူးရေးအတွက် လေလံကြမ်းခင်းဈေး ငွေကျပ်သိန်း ၁၆ဝ နှင့်အာမခံ ငွေကျပ်ငါးသိန်း၊ ပစ္စည်းအပ်နှံလုပ်ငန်းအတွက် လေလံကြမ်းခင်းဈေး ငွေကျပ် ၃၅ သိန်းနှင့် အာမခံငွေကျပ် သုံးသိန်း၊ စက်လှေလေလံကြမ်းခင်းဈေး ငွေကျပ်သိန်း ၂ဝ နှင့်အာမခံငွေကျပ် သုံးသိန်း၊ သန့်စင်ခန်းနှင့် ရေချိုးခန်းအတွက်လေလံကြမ်းခင်းဈေး ငွေကျပ်သိန်း ၃ဝ နှင့်အာမခံငွေကျပ် သုံးသိန်း၊ တည်းခိုခန်း လေလံကြမ်းခင်းဈေး ငွေကျပ်သိန်း ၂ဝ နှင့် အာမခံငွေကျပ် သုံးသိန်း၊ စက်သုံးဆီ ရောင်းချရေးအတွက် လေလံကြမ်းခင်းဈေးငွေကျပ် ငါးသိန်းနှင့် အာမခံငွေကျပ် တစ်သိန်းတို့ဖြစ်ပြီး ဖေဖော်ဝါရီ  ၇ ရက်တွင်လေလံပွဲ ကျင်းပမည်ဖြစ်သည်။ 
-
အနယ်နယ် အရပ်ရပ်မှ လေလံဆွဲရန် စိတ်ပါဝင်စားသူများ အနေဖြင့် အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲ ကျင်းပရေး ကော်မတီထံသို့ ဇန်နဝါရီ ၃၁ ရက်အတွင်း လျှောက်လွှာ တင်သွင်းနိုင်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...