Social Icons

Pages

Wednesday, January 9, 2019

ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သော နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂါဘိဓဇ ဘဒ္ဒန္တသီလဝံသ၏ ရုပ်တုတော်ဖွင့်ပွဲ ပြုလုပ်

ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သော နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂါဘိဓဇ ဘဒ္ဒန္တသီလဝံသ၏ ရုပ်တုတော်ဖွင့်ပွဲ ပြုလုပ်
-
နေပြည်တော်   ဇန်နဝါရီ   ၈
-
ဘဝနတ်ထံ ပျံလွန်တော်မူပြီးဖြစ်သော နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂါဘိဓဇ ဘဒ္ဒန္တသီလဝံသ၏ ရုပ်တုတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေမိုးတောင် ရှင်ပင်မြတ်စွာရဟန္တာတစ်ထောင် အောင်သုခ ဆုတောင်းပြည့် စေတီတော် ပရိဝုဏ်အတွင်း၌ ပြုလုပ်ရာ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဥပါသကာများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
-
ဦးစွာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော်နှင့် တိုင်းမှူးတို့က ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဆရာတော်ကြီး၏ ရုပ်တုတော်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ဆရာတော် အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များနာယူကြပြီး ဆရာတော် များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...