Social Icons

Pages

Friday, January 18, 2019

နိုင်ငံ့ အကျိုးပြု စာပေရေးသား ထုတ်ဝေနိုင်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး (အငြိမ်းစား) ဦးမော်သာထွေးအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်နိုင်ငံ့ အကျိုးပြု စာပေရေးသား ထုတ်ဝေနိုင်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး (အငြိမ်းစား) ဦးမော်သာထွေးအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်

နိုင်ငံ့ အကျိုးပြု စာပေရေးသား ထုတ်ဝေနိုင်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊  ဒုတိယ ဝန်ကြီး (အငြိမ်းစား) ဦးမော်သာထွေးအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်
-
နေပြည်တော်  ဇန်နဝါရီ  ၁၇ 
-
''စွမ်းအင်နှင့်လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်''စာအုပ်အား''မော်သာထွေး (မန္တလေး)''အမည်ဖြင့် ရေးသား ထုတ်ဝေခဲ့သော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးမော်သာထွေးအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပေးပို့သည့်  ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ၂၅ သိန်းကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပေါင်းလောင်းရိပ်သာ၌ ပေးအပ်ချီးမြှင့်သည်။ 
-
ဦးစွာ  တိုင်းမှူးက ဂုဏ်ပြုစာလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဂုဏ်ပြု စာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ အားပေးအပ်ရာ ဦးမော်သာထွေးမှလက်ခံရယူသည်။ 
-
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးမော်သာထွေးက စာအုပ်အား ခက်ခက်ခဲခဲဖြင့် အချိန်၊ ငွေကြေး အရင်း အနှီးများစွာဖြင့် စိတ်ရောကိုယ်ပါနှစ်၍ ရေးသားပြုစုခဲ့ရကြောင်းနှင့်  ထိုအခက်အခဲများကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  စာနာနားလည်ပေးပြီး လိုအပ်သည့်အကူအညီများပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး ''စွမ်းအင်နှင့် လျှပ်စစ်ကို ကမ္ဘာကြည့်  ကြည့်မယ်''စာအုပ်များ အား ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့သည်။ 
-
အဆိုပါစာအုပ်သည် မြန်မာ့စာပေလောကတွင် ရှားပါးသောသုတေသန စာတမ်းစာအုပ် ပုံစံဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွက် အရေးကြီးသောစွမ်းအင် လိုအပ်ချက်များနှင့် ပတ်သက်၍ စွမ်းအင် အရင်းအမြစ် များ၏  သဘောသဘာဝနှင့် အားသာချက်၊ အားနည်းချက်များ၊ ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်အရင်းအမြစ် ပိုင်ဆိုင်မှု၊ ထုတ်လုပ်မှု၊ သုံးစွဲမှု၊ ပြည်ပတင်ပို့မှုများအပေါ် မြန်မာနိုင်ငံ၏ အခြေအနေနှင့် နှိုင်းယှဉ်မှုများ၊ လက်ရှိစီမံခန့်ခွဲလျက်ရှိသည့် နည်းစနစ်များကို ပြုပြင်ရန်ကိစ္စရပ်များ၊ ပြည်သူလူထုက တတ်နိုင်သည့် ဓာတ်အားခဈေးနှုန်း (Affordable Price) ဖြစ်လာစေရေး ဆောင်ရွက်ရန် နည်းလမ်းများ စသည့် အချက်အလက်များကို သမိုင်းကြောင်း အထောက်အထားများနှင့်တကွ ပြည့်စုံစွာ လေ့လာဆန်းစစ် ဖော်ထုတ်ထားကာ နိုင်ငံတော်မှ ဆောင်ရွက်သင့်သည်များကို သုံးသပ်ရေးသားဖော်ပြထားပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်တပ်တစ်အား အထောက်အကူပြု စာကောင်း ပေမွန်အဖြစ် ရေးသားထုတ်ဝေနိုင်သည့် အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ယခုကဲ့သို့ ဂုဏ်ပြု စာလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...