
-
မန္တလေး ဒီဇင်ဘာ ၉
-
ပထမအကြိမ် မန္တလေး ရတနာမောလ် အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ မန္တလေး တိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မန္တလေးရတနာမောလ် ကျောက်မျက်ရတနာဈေး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
အဆိုပါပြပွဲသည် ကျောက်မျက်ရတနာ အချောထည်ဈေးကွက် ဖွံ့ဖြိုးရန်နှင့် နည်းပညာ အဆင့်မြှင့်တင်ရန် ရည်ရွယ်သည့်အတွက် ကျောက်စိမ်းအုပ်စု (ပန်းပု၊ ကျောက်မျက်ပန်းချီ) ဒီဇိုင်း ပြိုင်ပွဲနှင့် လက်ဝတ်ရတနာ (လည်ဆွဲ၊ ဆွဲသီး၊ နားဆွဲ၊လက်စွပ်) ဒီဇိုင်းပြိုင်ပွဲ ထည့်သွင်း ကျင်းပမည်ဖြစ်သည်။
-
ပထမအကြိမ် မန္တလေး နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံအသီးသီးမှ ကျောက်မျက်ရတနာ ကုန်သည်များ ဖိတ်ကြားကာ ဆုရပစ္စည်းများကို ပြပွဲတွင် လေလံတင် ရောင်းချပေးမည်ဖြစ်သည်။ပြည်တွင်းကျောက်မျက်ရတနာ လုပ်ငန်းရှင်များက အရောင်းပြခန်းပေါင်း ၄ဝဝ ခန့် ဖွင့်လှစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment