Social Icons

Pages

Friday, October 19, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UEHRD နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UEHRD  နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား
နေပြည်တော် အောက်တိုဘာ ၁၈
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)  နှစ်ပတ်လည် အခမ်းအနားကို  ယနေ့ညနေ၃  နာရီခွဲတွင်  နေပြည်တော်ရှိ  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ကျင်းပရာ   ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မုဒိတာစကား ပြောကြားသည်။
-
နှစ်ပတ်လည် အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊  အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ UEHRD ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊  UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နှင့်   တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ  သံအမတ်ကြီးများနှင့် သံတမန်များ၊  ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ တာဝန်ရှိသူများ၊  ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ လုပ်ငန်းများ ဆောင်ရွက်နေကြသည့် TaskForce များမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
နှစ်ပတ်လည် အခမ်းအနားတွင် UEHRD ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီနေ့ဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စုတစ်ဝန်းလုံးက ပါဝင်ဆောင်ရွက်ဖို့  ဆုံးဖြတ်လိုက်တဲ့နေ့    တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ အင်္ဂလိပ်လိုကျတော့ UEHRD ပါ။ ပထမစတာကတော့   ပြည်ထောင်စုဆိုတာနဲ့ စတာပါ။ အဲဒါကအဓိကပါ။ ပြည်ထောင်စုကနေပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ လိုအပ်တဲ့ ကိစ္စတွေမှာ   ဝိုင်းဝန်းပြီးတော့ ပံ့ပိုးတယ်။အရေးကြီးပြီဆိုရင် သွေးစည်းတယ် ဆိုတာကို ပြတဲ့သဘောနဲ့ ကျွန်မတို့  ဒီ UEHRD ကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
-
UEHRD ရဲ့အလုပ်ကလည်း အင်မတန်မှ အရေးကြီးပါတယ်။  ရခိုင်ပြည်နယ်တစ်ခုတည်း အတွက်တင်မကပါဘူး။ ကျွန်မတို့ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် အရေးကြီးပါတယ်။ ကျွန်မတို့အားလုံးလည်း အင်မတန်မှ ပင်ပင်ပန်းပန်းနဲ့ လုပ်ရမယ့်ကိစ္စပါ။ UEHRD ကို စတင်ပြီးလုပ်ခဲ့တာ တစ်နှစ်ပြည့်သွားပါပြီ။  တစ်နှစ်ပြည့်သွားတဲ့အခါမှာ   ကျွန်မတို့လုပ်နိုင်တဲ့ အကြောင်းရင်းတစ်ခုက ကျွန်မတို့ ပြည်သူပြည်သားတွေ ဝိုင်းဝန်းြ ပီးတော့ ပံ့ပိုးလို့ပါ။ သာမန်ပြည်သူတွေကအစ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကတော့    ရက်ရက်ရောရောနဲ့ ပေးကြပါတယ်။ ပေးလည်းပေးနိုင်လို့ ပေးကြပါတယ်။ ကျွန်မတို့လည်း ကျေးဇူးတင်ပါတယ်။  သာမန်ပြည်သူတွေကလည်း တတ်နိုင် သလောက်  ထောင်ဂဏန်းလေး ပေးတာကိုလည်း ကျွန်မတို့ရခဲ့ပါတယ်။ အင်မတန်မှ တန်ဖိုးထားပါတယ်။   တကယ် အဓိကကတော့ စေတနာပါ။   တစ်ယောက်ချင်း တစ်ယောက်   ချင်းဟာ ကိုယ့်နိုင်ငံ တိုးတက်ရေးအတွက် ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကို ကျတဲ့နေရာကနေ  သဲတစ်ပွင့်အုပ်တစ်ချပ် လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒါကိုပြတယ်လို့ ကျွန်မတို့ကယူဆပါတယ်။  အဲဒီတော့ UEHRD ရဲ့စွမ်းဆောင်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မပြောတော့ပါဘူး။
-
ဦးကျော်တင့်ဆွေတို့လို၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့လို ပုဂ္ဂိုလ်များက ပိုပြီးတော့ အသေးစိတ် ပိုပြီးတော့ သိပါလိမ့်မယ်။ကျွန်မပြောချင်တာကတော့ ကျွန်မတို့လုပ်ဖို့ရာတွေ အများကြီး ကျန်ပါသေးတယ်။ ပြီးတော့ UEHRD မှာ ဝိုင်းဝန်းပြီးတော့ ရန်ပုံငွေနဲ့ ပံ့ပိုးတာက ဒါက ပထမအဆင့်။ တကယ်တော့ ဒီငွေနဲ့လုပ်ရမယ့် လုပ်ငန်းတွေကို ထိရောက်အောင် အကောင်အထည်ဖော်တာက ပိုပြီးတော့ အရေးကြီးပါတယ်။ အဲဒီဘက်မှာလည်း အားလုံးတတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီစေချင်ပါတယ်။
-
ဆက်ပြီးတော့လုပ်ရမယ့် ကိစ္စတွေကလည်း အများကြီးပါပဲ။  ဒီလုပ်ငန်းဟာ လပိုင်းနဲ့ ပြီးမယ့် လုပ်ငန်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ဟာ အားလုံးအတူတူ လက်တွဲပြီး လုပ်နေတာဖြစ်လို့   စိတ်ဓာတ်ကျစရာမလိုပါဘူး။ စိန်ခေါ်မှုတွေကတော့   အများကြီးရှိမှာပဲ။ ကျွန်မတို့နိုင်ငံရဲ့  စီးပွားရေး၊  ဖွံ့ဖြိုးရေး စိန်ခေါ်မှုအမျိုးမျိုးရှိမှာပဲ။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ဆိုတာဟာ    အစကောင်းမှ အနှောင်းသေချာဆိုသလို   UEHRD ရဲ့အစက အင်မတန်မှ ကောင်းခဲ့ပါတယ်။ ဒီလိုလုပ်ဖို့လိုအပ်နေပြီ။ အားလုံးကဝိုင်းပြီးတော့ ပံ့ပိုးပါ။ ပံ့ပိုးပေးပါလို့ပြောလိုက်တာနဲ့ နေ့ချင်းညချင်းကို   ပံ့ပိုးမှုတွေ  ကျွန်မတို့ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။    ဒီလိုကောင်းတဲ့ အစကနေပြီးတော့ ဖြစ်ပေါ်လာတဲ့လုပ်ငန်းကြီးဟာ ခရီးတစ်လျှောက်မှာ အထစ်အငေါ့တွေနဲ့ ကြုံတွေ့ရမယ်၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်၊  ဒါကတော့   ဓမ္မတာပါပဲ။ ဒါပေမဲ့လည်း ကျွန်မတို့ နောက်ဆုံးကျတော့ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။
-
ဒါကြောင့်  ကျွန်မတို့ကို  ကူညီပေးခဲ့တဲ့ လုပ်ငန်းရှင်ကြီးများကို ပြည်သူများကနေ ယုံယုံကြည်ကြည်နဲ့ တတ်နိုင်သမျှ ဝန်းရံပေးကြပါ။ ဝန်းရံတယ်ဆိုတာ စိတ်ဓာတ်ရေးရာ ဝန်းရံတာတောင်မှ မမြဲပါဘူး။ ဒါပေမဲ့ စိတ်ကနေတစ်ဆင့် မနောကံကနေ ဝစီကံ၊ ဝစီကံကနေ ကာယကံအထိ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တစ်ဆင့်  ချင်း ပိုပိုပြီးပံ့ပိုးပေးမယ်ဆိုရင် ကျွန်မတို့အတွက်   တစ်တပ်တစ်အားပါပဲ။ ကျွန်မတို့နိုင်ငံဟာ   ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတစ်ခုလို့ပဲ ဒီလိုပဲပြောရပါလိ့မ်မယ်။ ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတစ်ခုအနေနဲ့ ဒီလိုစိန်ခေါ်မှုကြီးကို ရင်ဆိုင်ရတယ်ဆိုတာ နည်းတဲ့အလုပ် မဟုတ်ပါဘူး။  ဒါပေမဲ့လည်း စုပေါင်းစည်းလုံးညီညွတ်မှုအင်အားနဲ့တော့ ရင်ဆိုင်နိုင်မယ်၊ ကျော်လွှားနိုင်မယ်ဆိုတာလည်း အထူးပြောစရာမလိုပါဘူးလို့ ထင်ပါတယ်။
-
ကျွန်မတို့ UEHRD  လုပ်နေတဲ့ လုပ်ငန်းတွေက အမျိုးမျိုးရှိပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်း အဲဒီလိုလုပ် ငန်းတွေကတော့ ရုပ်ပိုင်းဆိုင်ရာပါ။ ဒါပေမဲ့  လူမှုရေးဘက်ကနေ ပြီးတော့ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းဖို့အတွက်၊ အေးချမ်းဖို့အတွက် အုပ်စုတစ်ခုနဲ့ တစ်ခု  သဟဇာတဖြစ်ဖို့အတွက် လူမှုရေး လုပ်ငန်းတွေကလည်း အင်မတန်မှ အရေးကြီးပါတယ်။  ဒီလူမှုရေးလုပ်ငန်းတွေ အောင်မြင်ဖို့ ပံ့ပိုးတဲ့နေရာမှာ ကျန်းမာ  ရေး၊ ပညာရေး အဲဒီဘက်ကလည်း    အရေးကြီးပါတယ်။
-
အဘက်ဘက်က  အရေးကြီးတဲ့အခါကျတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့  စေတနာရှိတဲ့ လူတွေဟာပံ့ပိုးနိုင်မှာပဲ၊ ကူညီနိုင်မှာပဲ။ ကူညီနိုင်တဲ့နည်းတွေဟာ   အမျိုးမျိုးရှိပါတယ်။ ဒါကြောင့်မို့လို့ ဝိုင်းဝန်းပြီးတော့ ကူညီ ကြပါ။ ကျွန်မတို့ ကိုယ့်ရဲ့ပြဿနာတွေကို ကိုယ်ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့ ဖြေရှင်းတာဟာ အရေးကြီးဆုံးပဲလို့ ထင်ပါတယ်။ ပြဿနာကို ဖြေရှင်းပုံဖြေရှင်းနည်းမှန်ဖို့ရာ ဖြေရှင်းပုံဖြေရှင်းနည်းက တစ်ခါတလေ လွဲရင်ပြင်လို့ရပါတယ်။
-
ကျွန်မတို့အခု ရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကျွန်မတို့ပြည်သူတွေ အားလုံးကနေပြီးတော့ ငါတို့ ရအောင်ကျော်လွှားမယ်ဆိုတဲ့   သန္နိဋ္ဌာန်ချဖို့ရာမှာ ပထမဆုံးအဆင့်ပါပဲ။  ဒါဆန္ဒပါ။ ကျွန်မလည်း   ထပ်တလဲလဲပြောရပါတယ်။ အောင်မြင်ရေးတရားလေးပါး။ ဆန္ဒ၊ ဝီရိယ၊စိတ်ဓာတ်၊ ပညာ ဒီလေးခုနဲ့ပြည့်စုံရင် ကျွန်မတို့အနေနဲ့   မအောင်မြင်စရာ အကြောင်းမရှိပါဘူး။  ကျွန်မတို့အားလုံး  ဆန္ဒရှိလို့ ဒီအခန်းထဲရောက်နေပြီလို့   ဒီလိုပဲယူဆပါတယ်။ နောက်ပြီးတော့လည်း ဒီခန်းမထဲမှာ ရောက်နေတဲ့ ပုဂ္ဂိုလ်ကြီးများဟာ အရင်နှစ်ကစပြီးတော့ UEHRD ကိုစပြီး လုပ်ငန်းတွေ ဆောင်ရွက်ကတည်းက ပါဝင်လာတဲ့ပုဂ္ဂိုလ်တွေ အများစုက  ဝီရိယလည်း ရှိတယ်ဆိုတာကိုကျွန်မတို့ ဒီလိုပဲ ခန့်မှန်းလို့ရပါတယ်။ စိတ်  ဓာတ်ကလည်း အပြည့်အဝနဲ့   ဆက်ပြီးတော့ကူညီမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ပညာအမြော်အမြင်ကလည်း လုပ်ရင်းလုပ်ရင်းနဲ့ ပိုမိုပြီးရလာမယ်။  UEHRD နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ဘယ်လိုအခက် အခဲရှိနိုင်တယ်။ ဘယ်လိုဒီအခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မလဲဆိုတာလည်း လုပ်ရင်းလုပ် ရင်းနဲ့ တစ်နေ့နဲ့တစ်နေ့ ပိုပြီးတော့သိလာတာဖြစ်ပါတယ်။ ပညာ ဆိုတာလည်း  အမြဲပဲတစ်ပုံစံတည်းရှိတာ မဟုတ်ပါဘူး။ တစ်နေ့ထက်တစ်နေ့ တိုးတက်လာနိုင်ပါတယ်။ ရင့်ကျက်လာနိုင်ပါတယ်။
-
ကျွန်မတို့အားလုံး  တစ်နှစ်ပြည့်တဲ့နေ့မှာ ပြန်ပြီးတော့ အရင်နှစ်အတွင်းက  ဘာတွေ ကျွန်မတို့လုပ်ခဲ့ရ သလဲ၊ လုပ်ခဲ့တဲ့အထဲမှ ဘယ်တွေမှာ ဟာကွက်တွေရှိခဲ့သလဲ၊   နောက်ပြီး ဒီဟာကွက်တွေကို ကျွန်မတို့     ဖြည့်ရမယ်။
-
ကျွန်မတို့  အားနည်းချက်တွေရှိတယ်ဆိုရင် ဒီအားနည်းချက်တွေကို  ဘယ်လိုကျော်လွှားရမလဲ။ ကျွန်မတို့ အားသာချက်တွေ ရှိတယ်ဆိုရင် ဒီအားသာချက်တွေကို သင်ခန်းစာယူပြီး တော့ အင်အားတက်အောင် ကျွန်မတို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အားလုံးက ဒီကိုရောက်နေတဲ့အချိန်မှာ   တစ်ဦးနဲ့တစ်ဦး ဆွေးနွေး ညှိ  နှိုင်းတိုင်ပင်ပြီးတော့ အဖြေတွေရှာနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။   ဒီလိုအဖြေရှာတယ်ဆိုတာဟာ အခုကျွန်မတို့ UEHRD နဲ့ ပတ်သက်လို့   ရလိုက်တဲ့အဖြေတွေဟာ နောင်မှာ ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုး     တက်ရေး အတွက် အင်မတန်မှ အထောက်အကူပြုလိမ့်မယ်လို့ ကျွန်မတကယ်ကိုပဲယုံကြည်ပါတယ်။
-
ဒါဟာ ကျွန်မတို့အတွက် သင်ခန်းစာတွေ တင်မကဘူး။ လေ့ကျင့်ပေးလိုက်တဲ့ သဘောမျိုးလည်းဖြစ်ပါတယ်။   အလုပ်တစ်ခုက လုပ်ကြည့်မှ  ဘယ်လိုလုပ်ရမလဲဆိုတာကိုနားလည်လာတာ။ တကယ်လုပ်ကြည့်မှ တကယ်အောင်မြင်နိုင်လား၊ မအောင်မြင်နိုင်လားဆိုတာကို ကျွန်မတို့သိမှာဖြစ်ပါတယ်။
-
အခု ကျွန်မတို့  တစ်နှစ်လုပ်ကြည့်ခဲ့ပြီးပြီ။ လုပ်ကြည့်တဲ့အခါမှာ ကျွန်မတို့ အောင်မြင်သင့်တဲ့ဟာတွေလည်း အောင်မြင်တယ်။ ကျွန်မတို့ မျှော်လင့်သလောက်  မြန်မြန်ဆန်ဆန် မဖြစ်မြောက်တာတွေလည်း ရှိပါတယ်။ အဲဒါတွေကိုလည်း ကျွန်မတို့အရှိအတိုင်းပဲ ရင်ဆိုင်ရမယ်။ ဘာဖြစ်လို့ ကျွန်မတို့တွေမျှော်လင့်ခဲ့သလို မြန်    မြန်ဆန်ဆန် မဖြစ်မြောက်သလဲ။
-
ဘယ်မှာအားနည်းချက်ရှိနေသလဲ ဆိုတာကို ကြည့်ပြီးတော့ ဒီအားနည်းချက်ကို ပြင်နိုင်မယ်လို့လည်း ကျွန်မမျှော်လင့်ပါတယ်။
-
ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာဝင်းမြတ်အေး၊  အားလုံးအရှေ့မှာ ထိုင်နေတဲ့ အစိုးရအဖွဲ့ဝင်တွေက  တော်တော်ကို ရခိုင် ပြည်နယ်ရဲ့စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ သိနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။တချို့ဆိုရင် ဒေါက်တာဝင်းမြတ်အေး ဆိုရင်   ရခိုင်ကို ဘယ်နှခါရောက်မှန်းတောင် ကျွန်မတောင်မှ သိပ်မရေတွက် နိုင်တော့ဘူး။ အခေါက်ခေါက်အခါခါသွားပြီးတော့  တတ်နိုင်တဲ့ဘက်က လုပ်ပေးတဲ့ပုဂ္ဂိုလ်တွေ  အများကြီးရှိပါတယ်။  အများကြီးဆိုတာ ဝန်ကြီးတွေကို သတိပြုပေမယ့်လည်း ဝန်ကြီးမဟုတ်လို့   သတိမပြုတဲ့ ဝန် ထမ်းငယ်တွေလည်း အများကြီးရှိပါတယ်။  အဲဒီဝန်ထမ်းတွေနဲ့ တခြားပြည်သူပြည်သားတွေကို ဒီနေရာ ကနေ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
-
ဝန်ထမ်းကောင်းများရှိတဲ့ နိုင်ငံဟာ အင်မတန်မှ ကံကောင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ဝန်ကြီး တစ်ယောက်က    ဝန်ကြီးရဲ့အလုပ်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ ဝန်ထမ်းကောင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဒီမှာ ကြုံတုန်းမှာ NRPC က ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ NRPC ဆိုတာလည်း အင်မတန်မှနုနယ်တဲ့   အစိုးရဌာန တစ်ခုပါ။
-
နုနယ်တဲ့ အစိုးရဌာန ဆိုပေမယ့် ပီပီပြင်ပြင် ထိထိရောက်ရောက် တာဝန်တွေကိုကျေပွန်စွာထမ်းဆောင်နိုင်တယ်ဆိုတာ ဦးကျော်တင့်ဆွေ ကတော့ အမြဲပြောနေတာပဲ။ မှန်ပါလိမ့်မယ်လို့ထင်ပါတယ်။   အားလုံးကနေပြီးတော့ ဂုဏ်ယူနိုင်ပါတယ်။ ကျွန်မတို့အတွက်လည်း  အားတက်စရာဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တွေနဲ့   ဆက်ပြီးတော့သွားရင်   မလွဲမသွေလိုချင်တဲ့ပန်းတိုင်ကိုရောက်လိမ့်မယ်လို့ ကျွန်မပြောနိုင်ပါတယ်။
-
တိုင်းနှင့်ပြည်နယ်က   ဝန်ကြီးချုပ်တွေ ရောက်နေတဲ့အချိန်မှာလည်း တိုင်းနှင့်ပြည် နယ်တွေက ကူညီပံ့ပိုးမှုတွေကိုလည်း အများကြီး ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ဒီ UEHRD နဲ့ပတ်သက်လို့ သဘောအကျဆုံး ကိစ္စတစ်ခုကတော့ လူငယ်တွေပါဝင်တဲ့ကိစ္စပါ။ ကျွန်မတို့ဘက်ကလူငယ်တွေ ပါဝင်တယ်။ ပါဝင်ပြီးတော့ လူမှုရေးအရ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ကို  လူငယ်တွေက ဦးဆောင်ပြီးတော့ လုပ်ပေးတာဟာ   ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ကြီးပါတယ်။ ဒီမှာလည်း အခုသံတမန်တွေလည်း        ရောက်နေတဲ့အချိန်မှာ ကျွန်မအနေနဲ့ ICRC ကိုကျေးဇူးတင်တယ်ဆိုတာလည်း   ပြောချင်ပါတယ်။ှု ICRC ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အထောက်အကူ ဖြစ်ပါတယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ကြိုးစားမှုတွေဟာ  ICRC မပါဝင်ခဲ့ရင် ဒီလောက်ထိ ရောက်မှာမဟုတ်ပါဘူး။နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်တွဲပြီးတော့ ဆောင်ရွက်ပေးသမျှကို တန်ဖိုးထားပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကလည်း အားလုံးဝန်းရံပြီးတော့ လုပ်ပေးတာကိုတော့ ကျွန်မတို့ရဲ့ နိုင်ငံအတွက်   နောင်ခေတ်အဆက်ဆက် အားကိုးရမယ့် အင်အားစုလို့ မြင်တဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်ဟု မုဒိတာစကား ပြောကြားသည်။
-
ထို့နောက် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က UEHRD ၏တစ်နှစ်တာ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး  လုပ်ငန်းဆောင်ရွက်ချက်များကို Video Clip ဖြင့် ရှင်းလင်းပြသသည်။
-
ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊  လွှတ်တော်ဥက္ကဋ္ဌများ၊  ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် လည်းကောင်း၊ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ UEHRD အတွက်  အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြသည့် အလှူရှင်များနှင့် လည်းကောင်း၊ Task Force အဖွဲ့ခေါင်းဆောင်များနှင့် လည်းကောင်း သီးခြားစီ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အနေဖြင့်   ဆောက်လုပ်ရေးနှင့်  အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းအဖွဲ့၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေးအဖွဲ့၊ သတင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင် ဖန်တီးရေးနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ စီစဉ်  ဖွင့်လှစ်ရေး လုပ်ငန်းအဖွဲ့၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအဖွဲ့၊ အသေးစားငွေကြေး ထောက်ပံ့မှု  လုပ်ငန်းအဖွဲ့၊ ဘဏ္ဍာငွေ စုဆောင်းရေးအဖွဲ့၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းအဖွဲ့နှင့် နိုင်ငံတကာ  ဆက်ဆံရေး လုပ်ငန်းအဖွဲ့တို့ဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်နေရာချထားရေး     စခန်းများ တည်ဆောက်ခြင်း၊ လမ်းများ ဖောက်လုပ်ခြင်း၊ နေအိမ်များ ပြန်လည်တည်ဆောက်ခြင်းနှင့် ဒေသခံပြည်သူများအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊ အလုပ်အကိုင် ရရှိရေးအတွက် ဆောင်ရွက်ပေး   ခြင်း တို့အပြင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...