Social Icons

Pages

Friday, October 19, 2018

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်
နေပြည်တော် အောက်တိုဘာ ၁၈
-
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  မြစ်ကြီးနားမြို့၊ နယ်မြေခံ စက်ပစ်ကွင်း၌ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်   ကြသည်။
-
ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ ပစ္စတိုထိလဲ ပစ်ခတ် စဉ် သရုပ်ပြပစ်ခတ်မှုများနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်ပစ်ခတ်မှုများကို ကြည့်ရှုအား ပေး ကြသည်။
-
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၃ဝ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၃ သင်းနှင့် အမျိုးသမီးအသင်း ၂၃ သင်းတို့ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...