Social Icons

Pages

Saturday, October 13, 2018

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ - ၁၂
ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ  H.E. Mr. Wouter Jurgens အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
-

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့် အတူ တာဝန်ရှိသူတို့ တက်ရောက်ကြသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ အစိုးရ၊ တပ်မတော်တို့ အနေဖြင့် နယ်သာလန်နိုင်ငံ အပါအ၀င် EU အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်သမျှကို သတင်းထုတ်ပြန်လျက် ရှိမှုနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆောင်ရွက်နေမှု အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိမှု၊ ရိုးသားမှု၊ အပြန်အလှန် ယုံကြည်မှုတို့အပေါ် မူတည်နေသည့် အခြေအနေများနှင့် နယ်သာလန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် နိုင်ငံသံအမတ်ကြီး  H.E. Mr. Wouter Jurgen တို့သည် တက်ရောက်လာကြသူများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာ-မော်ရိုကို နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့် အခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၁၂
-
မြန်မာ-မော်ရိုကို   နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ်(၄ဝ)ပြည့်အခမ်းအနားကို ယနေ့ည ၇ နာရီတွင် နေပြည်တော်ရှိ  အမ်ဂယ်လာရီဟိုတယ်၌ ကျင်းပရာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ဇနီး ဒေါ်အေးသီတာတို့ တက်ရောက်ကြသည်။
-
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နှုတ်ခွန်းဆက် ဂုဏ်ပြု အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကို ဘုရင်နိုင်ငံသံအမတ်ကြီး မစ္စတာအက်ဘ်ဒယ်လီလာ အယ်လ်ဟိုစနီက နှုတ်ခွန်းဆက် စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ မော်ရိုကိုဘုရင်နိုင်ငံ သံအမတ်ကြီးနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည်  မြန်မာ-မော်ရိုကို နှစ်နိုင်ငံယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
-
ယင်းနောက်  ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းခိုင်၊ ဒေါက်တာဝင်းမြတ်အေး၊  နိုင်သက်လွင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့် ၄င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ
အကြီးအကဲများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။         
-  
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...