Social Icons

Pages

Tuesday, October 16, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်
ရန်ကုန်  အောက်တိုဘာ  ၁၅                                   

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ   ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့်     ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား  ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး   မြောက်ဥက္ကလာပမြို့နယ်မှ စစ်မှုထမ်းဟောင်းများက သုဓမ္မာလမ်းမကြီး မြောက်ဥက္ကလာပအဝိုင်းအနီး  မီးသတ်ရုံး ရှေ့၌ ပြုလုပ်သည်။
-
''ဒီနေ့ပြုလုပ်တဲ့ပွဲကတော့ မြောက်ဥက္က လာပမြို့နယ်က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ စုပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပတာဖြစ်ပါတယ်။ ကျွန်တော်တို့    ဆန္ဒဖော်ထုတ်တဲ့ ရည်ရွယ်ချက်က စစ်မှုထမ်းဟောင်း  အဖွဲ့ကြီးက တပ်မတော်ရဲ့  အရန်အင်အားဖြစ်တာနဲ့အညီ  နိုင်ငံကို အသက်ပေးကာကွယ်နေတဲ့   တပ်မတော် အင်အားချိုးနှိမ်မှုကို လုံးဝလက်မခံပါဘူး။ပြင်ပက   ဝင်ရောက်စွက်ဖက်နေတဲ့ လုပ်ဆောင်ချက်တွေကို စစ်မှုထမ်းဟောင်း အဖွဲ့တွေ အနေနဲ့  ကန့်ကွက်တဲ့  ဆန္ဒဖော်ထုတ် ပွဲဖြစ်ပါတယ်။ဒီပွဲကို  သက်ဆိုင်ရာက ခွင့်ပြုချက်ရယူ ဆောင်ရွက်ခဲ့ပြီး မှန်ကန်တဲ့ တပ်မတော် လုပ်ဆောင်ချက်တွေ ထောက်ခံ တဲ့ပွဲကို  မိမိတို့ဆန္ဒအရ   လာရောက်စုရုံး ဆန္ဒဖော် ထုတ်ခြင်းဖြစ်ပါတယ်။စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေက နိုင်ငံရေးကင်းရှင်းပြီး  မည်သည့်နိုင်ငံရေး အဖွဲ့အစည်းရဲ့ သြဇာအာဏာခံ မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးကိုသာ ဦးတည်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ် ပါတယ်။ အခုလို တပ်မတော် ထောက်ခံပွဲတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာ  လုပ်နေကြတာအားလုံး အသိပဲဖြစ်ပါတယ်'' ဟု   မြောက်ဥက္ကလာပမြို့နယ်  စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ  ဗိုလ်ကြီးချစ်ဆွေ(ငြိမ်း) ကပြောသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင်  မြောက် ဥက္ကလာပမြို့နယ်ရှိ  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် အရန်အဖွဲ့ဝင် ၃ဝ၅ ဦးက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံ၊ ပြည်သူကိုချစ်သော၊   ပြည်သူက ချစ်သော တပ်မတော်အောင်မြင်ပါစေ၊  ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာ  တို့လုံးဝ လက်မခံ၊ မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook  ကို  လုံးဝဆန့်ကျင် ရှုတ်ချသည်၊ တပ်မတော် အင်အားချိုးနှိမ်မှု မှန်သမျှ  တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏အောက်လုံး အစီရင်ခံစာ အလိုမရှိ   အလိုမရှိ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်    စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး  တစ်နာရီခန့်  တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက် ရှိရာ ၂ဝ၁၆  ခုနှစ်မှ  ၂ဝ၁၈  ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၈၂ ကြိမ် စုစုပေါင်း အင်အား  ၆၄၆၆၅၅   ဦးဖြင့်  ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း    သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...