Social Icons

Pages

Tuesday, October 16, 2018

သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ စာရေးစားပွဲနှင့် ထိုင်ခုံများ လှူဒါန်း

သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ စာရေးစားပွဲနှင့် ထိုင်ခုံများ လှူဒါန်း
နေပြည်တော်  အောက်တိုဘာ  ၁၅
-
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များကလှူဒါန်းသည့် စာရေးစားပွဲနှင့်ထိုင်ခုံများ ပေးအပ် လှူဒါန်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်သည်။
-
ဦးစွာ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက  လှူဒါန်းသည့် စာရေးစားပွဲ ၁ဝဝ လုံးနှင့် ထိုင်ခုံ ၁ဝဝ လုံးတို့ကို တိုင်းမှူးက ပေးအပ်လှူဒါန်းရာ   ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...