Social Icons

Pages

Friday, October 19, 2018

နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေး ဆွေးနွေး

နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေး ဆွေးနွေး
ရန်ကုန်  အောက်တိုဘာ ၁၈
-
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သည မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်/တရားရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Air Chief Marsahal. Prajin Juntong နှင့်တွေ့ဆုံကာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မာစေရေး၊ တရားဥပဒေ စိုးမိုးရေး၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး၊ သတင်းဖလှယ်ရေး၊ အပြန်အလှန်လေ့လာရေး ခရီးစေလွှတ်ရေး၊ နယ်စပ် ဆက်ဆံရေး ရုံးများအကြား လျင်မြန်စွာ ဆက်သွယ်ဆက်ဆံနိုင်ရေး ကိစ္စရပ်များကို   ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
-
ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မြန်မာနိုင်ငံ   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်နှင့် ထိုင်းနိုင်ငံ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(NCB) ၏အထွေထွေ အတွင်းရေးမှူးချုပ် Mr. Niyom Termsrisuk ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့များက   NCB ရုံး၌ သီးခြားတွေ့ဆုံကာ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး၊ မြန်မာ-ထိုင်းနယ်စပ်ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
-
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်   မြန်မာနိုင်ငံဆိုင်ရာ   ထိုင်းသံရုံးမှ   Minister  Counsellor  Mr.Thanwa Phudphong ပြန်လည် လိုက်ပါလာလျက် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...