Social Icons

Pages

Friday, July 20, 2018

နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာတစ်ဝိုက် နယ်မြေလုံးခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပေါ် သတင်းထုတ်ပြန်ခြင်း



နေပြည်တော် ၂ဝ-၇-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်း စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် သတင်းအရနယ် မြေရှင်းလင်းစဉ် ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁နာရီ မိနစ် ၃ဝ ခန့်တွင် မန်ဝန်းကျေးရွာအုပ်စု၊ အွယ်လောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၁ဝဝ ခန့် အကွာသို့အရောက်၌ TNLA အကြမ်းဖက်သောင်းကျန်း သူအင်အား ၃ဝ ဦးခန့်နှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁နာရီ မိနစ် ၅ဝ ခန့်တွင် အကြမ်းဖက်သောင်းကျန်း သူများသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်း သူရှစ်ဦး၏ အလောင်းများအား လက်နက်ငယ်မျိုးစုံ သုံးလက်၊ လျှိုအတွင်းထိုး ကျပျက်စီးနေသည့် Toyota Hilux Double Cub ယာဉ်အမျိုးအစား တစ်စီးတို့နှင့် အတူသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နေရာအား အသေးစိတ် ရှင်းလင်းရာ သေဆုံးနေသည့် TNLA အကြမ်းဖက်သောင်းကျန်း သူများအနက် ပြောက်ကျား ယူနီဖောင်းဝတ် အမျိုးသား အလောင်းသုံးလောင်း၊ ပြောက်ကျားယူနီဖောင်း ဝတ်အမျိုး သမီးအလောင်း ငါးလောင်း၊ အမ် -၂၂ အမျိုးအစား သေနတ်နှစ်လက်၊ အမ် - ၂၁ အမျိုးအစားသေနတ် တစ်လက်၊ ၎င်းကျည်အိမ်ရှစ်ခု၊ ကျည် ၁၃၂ တောင့်၊ အီကွေ့မင့်ရှစ်စုံနှင့် တရုတ်လက်ပစ်ဗုံး သုံးလုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ၏ ရုပ်အလောင်းများအား ဖြစ်စဉ်ဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်၌ ညနေ ၅ နာရီခန့်တွင် စနစ်တကျကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားမှုအား အသေးစိတ်စိစစ်ရာ လျှိုအတွင်းထိုးကျ ပျက်စီးသည့် Toyota Hilux Double Cub ယာဉ်မှာ မန်တုံမြို့နယ်၊ မဟိုချောင်း၊ နမ့်နတ်-ဟွေလောင်းဒေသ တစ်ဝိုက်တွင် သတ္တုစမ်းသပ်တူးဖော် ခွင့်ရရှိထားသည့် နေ့သစ်အာရှ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ယာဉ်ဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်၌လည်း အဆိုပါကုမ္ပဏီမှ ဝန်ထမ်းများဖြစ်သော ဦးစိုင်းကျော်အေးနှင့် အဖွဲ့ဝင်သုံးဦးပါဝင်ကြောင်း စိစစ်သိရှိရသည်။

ဆက်လက်၍ ဖြစ်စဉ်မှန်ကန်မှု ရှိ ၊ မရှိစိစစ်ခဲ့ရာ ဦးစိုင်းကျော်အေးနှင့် ဝန်ထမ်းသုံးဦးမှာ ဇူလိုင် ၁၁ ရက်၌ လုပ်ကွက်မှ နမ့်ခမ်းသို့ အဆိုပါမော်တော်ယာဉ် ဖြင့်ဈေးဝယ်သွားစဉ် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်သောင်းကျန်း သူအဖွဲ့မှ ခန့်မှန်း (အယ်လ်အက်ဖ်-၄၃၇၉၃၈) နေရာ၌ ယာဉ်အားတား၍ အွယ်လောရွာသို့ ပို့ဆောင်ပေးရန် အကူအညီ တောင်းခံလျက် လိုက်ပါစီးနင်းလာစဉ် ယခုကဲ့သို့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဝန်ထမ်းများ ဖြစ်သည့် ဦးစိုင်းကျော်အေး၏ ညာလက်ဖျံနှင့် ဦးစိုင်းဖေဝင်း၏ ညာခြေသလုံးတို့တွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပြီး တရုတ်နိုင်ငံ၊ မန်စီမြို့ရှိ တာဟောင်တိုင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း စိစစ်ဖော်ထုတ် ရရှိခဲ့ပါသည်။

သို့ဖြစ်၍ ၂ဝ၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက် TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးမှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငါးဦးနှင့် ပတ်သက်ပြီး ဖြစ်စဉ်အကြောင်း ရင်းအမှန်အား စိစစ်ချက်များအရ တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...