Social Icons

Pages

Wednesday, May 2, 2018

ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် လေဆိပ်၌ သတင်းစာရှင်းလင်း


ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သောကိုယ်စားလှယ်အဖွဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။

နေပြည်တော် ၂-၅-၂ဝ၁၈

နေပြည်တော် မေ ၁ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့မှ အလှည့်ကျဥက္ကဋ္ဌအပါအဝင် တာဝန်ရှိ သူများက ယနေ့ ည ၆ နာရီ ၂၅ မိနစ်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဧည့်ခန်းမ၌ ပြည်တွင်းပြည်ပသတင်းမီဒီယာများနှင့်တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်များအဖွဲ့မှ အလှည့်ကျ ဥက္ကဋ္ဌ ပိုလန်နိုင်ငံ သံအမတ်ကြီး H.E.Ms.Joanna Wronecka ၊ ပီရူးနိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Meza Cuadra Velasquez ၊ အင်္ဂလန်နိုင်ငံ သံအမတ်ကြီး H.E.Ms. Karen Pierce နှင့် ကူဝိတ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Mansour Alotaibi တို့က မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ကြသည်။

၎င်းတို့အနေဖြင့် မြေပြင် အခြေအနေကို စနစ်တကျ သိရှိရန် လာရောက်ခဲ့မှု၊ ထိုသို့ လာရောက်ရာတွင် နေရပ် စွန့်ခွာ သူများနှင့် တွေ့ဆုံခဲ့သည့် အပြင် ဒေသခံများနှင့် တွေ့ဆုံ၍ ၎င်းတို့ ၏အမြင်များကို တွေ့ဆုံမေးမြန်းခဲ့မှု၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှု၍ ဒေသ အာဏာပိုင်များနှင့် တွေ့ဆုံပြီး လုံခြုံရေး အခြေ အနေ၊ ပြန်လည် လက်ခံရေးအတွက် ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ကဏ္ဍအများစုတွင် အကူအညီ ပေးနိုင်ရန် လေ့လာခဲ့မှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ အနေဖြင့် မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို ကြည့်ရှု လေ့လာခဲ့မှု၊ မိုးရာသီ ရောက်ရှိတော့ မည်ဖြစ်၍ နေရပ် စွန့်ခွာသူများ ပြန်လည် လက်ခံရေးကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်မှု၊ ရခိုင်ဒေသ ငြိမ်းချမ်း ရေးအတွက် မြန်မာနိုင်ငံ အစိုးရကို လိုအပ်သည့် အကူအညီများ ပေးအပ်ရေးနှင့် နေရပ်စွန့်ခွာသူများ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာရေး တို့နှင့် ပတ်သက်၍ ပြောကြားကြသည်။

ထို့နောက် သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...