Social Icons

Pages

Wednesday, February 21, 2018

လိုက်ဖ်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကျင်းပ



ရန်ကုန် ၂၁-၂-၂ဝ၁၈

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး မာချာဒိုတို့ ယှဉ်ပြိုင်ထိုးသတ်မည့် Quest for Gold အမည်ရှိ MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအတွက်ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ညနေ ၃ နာရီက ရန်ကုန်မြို့ Rose Garden ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲသို့ One Championship မှ တာဝန်ရှိသူများ၊ စပွန်ဆာပေးထားသည့် တယ်လီနောမြန်မာမှ တာဝန်ရှိသူများ၊ အောင်လအန်ဆန်နှင့် အလက်ဇန်းဒါး မာချာဒိုတို့အပါအဝင် Quest for Gold ပြိုင်ပွဲတွင် ဝင်ရောက်ထိုးသတ်ကြမည့် မြန်မာနိုင်ငံမှ ဖိုးသော်နှင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆိုဆေးတို့ တက်ရောက်ခဲ့ကြပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။

"ကျွန်တော် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ရရှိဖို့ ရည်မှန်းချက်ထားပြီး ကြိုးစားခဲ့ပါတယ်။ ပရိသတ်တွေ အားပေးခဲ့လို့လဲ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ရရှိခဲ့တယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ MMA လိုက်ဖ်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ရရှိဖို့ ဝိတ်တန်းတက်ပြီး ကြိုးစားယှဉ်ပြိုင်မှာပါ။ အခွင့်အရေးကတော့ မာချာဒိုရဲ့ အပေါ်မှာမူတည်ပြီး ပြင်ဆင်သွားမှာပါ"ဟုအောင်လအန်ဆန်က ပြောပြသည်။

"ကျွန်တော်နဲ့ အောင်လအန်ဆန်တို့ ကြားမှာ အားနည်းချက်၊ အားသာချက်တွေ မျှတမယ်လို့ယုံကြည်ပါတယ်။ ပွဲမကစားရ တာကြာပြီဆိုပေမယ့် လေ့ကျင့်မှုတော့ မပျက်ခဲ့ပါဘူး။ ထိုးသတ်ဖို့ပြိုင်ဘက် ရှာမတွေ့သေးလို့ မထိုးဖြစ်ခဲ့တာပါ။ ဒီပွဲမှာ အကောင်းဆုံးရလဒ် ရရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်"ဟု မာချာဒိုက ပြောပြသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံ လေလုံအားကစားခန်းမတွင် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် မာချာဒို၊ ဖိုးသော်နှင့် ဆိုဆေးတို့ပွဲစဉ် အပါအဝင် စုစုပေါင်းတွဲဆိုင်း ကိုးဆိုင်း ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...