Social Icons

Pages

Thursday, January 18, 2018

ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေးကားလမ်းတွင် တရားမဝင် ပိတောက်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီး ဖမ်းဆီးရမိ



ညောင်လေးပင် ၁၈-၁-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် အမှတ် (၉၈) အနီး၌ ယနေ့နံနက် ၁ နာရီခန့်က တရားမဝင် ပိတောက်သစ်ခွဲသားများ တင်ဆောင်လာသော ယာဉ်တစ်စီးဖမ်းဆီး ရမိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ညောင်လေးပင် မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးသူရအောင် ဦးဆောင်သော ဝန်ထမ်းများသည် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် YGN 4H/----NISSAN DIESEL အမျိုးအစား ခြောက်ဘီး အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် နှစ်ဦးလုံး ယာဉ်ကိုရပ်၍ ထွက်ပြေးသွားခဲ့ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှူး၏ ပြောပြချက်အရ သိရသည်။

အဆိုပါယာဉ်ပေါ်တွင် တရားမဝင်ပိတောက် သစ်ခွဲသား ၅၁ ချောင်း၊ ၃ ဒသမ ၇၆၃၁တန် ကာလတန်ဖိုးငွေကျပ် ၂၂၅၇၉၂ဝကို တွေ့ရှိရသဖြင့် မြို့နယ်သစ်တော ဦးစီးဌာနရုံးသို့ ပို့ဆောင်ထားရှိပြီး ညောင်လေးပင်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်၍ ထွက်ပြေးလွတ်မြောက်သွားသူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...