Social Icons

Pages

Wednesday, December 13, 2017

သင်္ဃန်ကျွန်းမြို့နယ်ရှိ YPI အထည်ချုပ်စက်ရုံ မီးလောင်ကာ ငွေကျပ်သိန်း ၇ဝဝဝ ကျော်ဆုံးရှုံး



ရန်ကုန် ၁၃-၁၂-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ Yangon Pan-Pacific International (YPI) အထည်ချုပ်စက်ရုံတွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ငွေကျပ်သိန်း ၇ဝဝဝ ကျော်ဆုံးရှုံး ခဲ့ကြောင်း သုဝဏ္ဏရဲစခန်းမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် စက်ရုံဂိုဒေါင် အဆောက်အအုံ တစ်လုံး၊ ကုန်ကြမ်းအထည်အလိပ်များ၊ စက်ချုပ်မော်တာများ၊ ချုပ်လုပ်ထုပ်ပိုးထားသည့် အဝတ်အထည်များနှင့် အခြားဆက်စပ် ပစ္စည်းများ ပျက်စီးခဲ့၍ ကာလတန်ဖိုး ငွေကျပ်သိန်း ၇၂ဝ၃ဝဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ကျော်စိုးလွင်ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ အမှတ် (၂) ရဲဒေသမှူးရဲမှူးကြီး မျိုးကြည်ဦးစီးသော တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၈၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ၈ဦး၊ မီးသတ်ယာဉ် ၄၇စီး၊ အုပ်ချုပ်မှုယာဉ် ရှစ်စီး၊ အထောက်အကူပြုယာဉ် ၁ဝစီး၊ စက်တင်ယာဉ်တစ်စီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၈၃ဦး၊ ပရဟိတအဖွဲ့ဝင် ၆၉ဦး၊ လူနာတင်ယာဉ် ၄၁ စီးတို့ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီမိနစ်၃ဝခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၈နာရီမိနစ် ၃ဝခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စက်ရုံအထွေထွေ မန်နေဂျာမင်းဟန် (ဘ) ဦးရဲထက်၊ တောင်ငူလမ်း၊ ၁၇ ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူကို သုဝဏ္ဏနယ်မြေ ရဲစခန်းက (ပ)၇၃၆/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...