Social Icons

Pages

Wednesday, September 20, 2017

ကချင်ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် စက်ကိရိယာသုံးစွဲမှု များပြားလာသော်လည်း ကျွမ်းကျင်စွာအသုံးပြုနိုင်မှု နည်းပါးနေ



မြစ်ကြီးနား ၂၀-၉-၂၀၁၇

ကချင်ပြည်နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ၄၃၅၈၁၉ ဧကရှိရာတွင် စက်ဖြင့်မြေယာပြုပြင်မှုမှာ ၃၁၆၃ဝ၁ ဧကဖြစ်သောကြောင့် စက်အသုံးပြုမှု များပြားနေသော်လည်း ကျွမ်းကျင်စွာ သုံးစွဲနိုင်မှု နည်းပါး နေကြောင်း စက်တင်ဘာ ၁၈ရက်က ပြုလုပ်သည့် လယ်ယာသုံးစက်ပစ္စည်းများ အသုံးပြုခြင်းသင်တန်းဖွင့်ပွဲ၌ ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၏ ပြောကြားချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် စိုက်ပျိုးနိုင်သည့် လယ်မြေဧက ၇၇၈၉ဝဝ ရှိသော်လည်း အမှန်စိုက်ပျိုးနိုင် မှုဧကမှာ ၇၂၁၇၈ဝ ဧကသာရှိကြောင်း၊ လယ်ယာစိုက်ပျိုးရာတွင် မိုးစပါးစိုက်ဧက ၄၃၅၈၁၉ဧက အနက် ၃၁၆၃ဝ၁ ဧကကို စက်ဖြင့်မြေယာပြုပြင်ခဲ့ကြောင်း၊ အဆိုပါမိုးစပါးစိုက်ဧကများကို စက်ဖြင့်ရိတ်သိမ်းခြွေလှေ့မှု ၃၃၈၃ဧကရှိကြောင်း လယ်ယာလုပ်ငန်းတွင် စက်ကိရိယာများ တွင်ကျယ်စွာအသုံး ပြုလာသော်လည်းကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြု နိုင်ခြင်းမရှိသေးသည့်အတွက် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းများကို ဖွင့်လှစ်၍ တောင်သူများအား သင်ကြားပေးနေရကြောင်း၎င်းက  ဆက်လက်ပြောပြသည်။

"ကျွန်တော့်မှာ လယ်မြေ ၁၅ ဧကနဲ့ ရာသီစိုက်သီးနှံ ၁ဝဧကရှိပါတယ်။ စက်မှုလယ်ယာဦးစီးဌာန အရစ်ကျစနစ်နဲ့ ရောင်းချပေးထားတဲ့ ရွှေကျွဲလယ်ယာသုံး စက်ကိရိယာကို အသုံးပြုပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်နေပါတယ်။ စက်ကိရိယာ တွေကိုင်တွယ်တာ မကျွမ်းကျင်သေးတော့ ထင်သလောက် အလုပ်မတွင်ပါဘူး။ ဒါကြောင့် စက်မှုလယ်ယာဦးစီးဌာနကဖွင့်တဲ့ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းမောင်းနှင် ထိန်းသိမ်းပြုပြင်တဲ့ သင်တန်းကိုတက်နေပါတယ်"ဟု ရွှေနောင်ပင်ကျေးရွာနေ တောင်သူဦးဇော်ဝမ်းက ပြောပြသည်။

"လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ မောင်းနှင်ထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်းသင်တန်းကို ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း (စွယ်)ရုံးတွင် စက်တင်ဘာ ၁၈ရက်မှ စက်တင်ဘာ၂၉ရက်ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး တောင်သူဦးရေ ၃ဝ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...