Social Icons

Pages

Saturday, August 5, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo WATANABE မှ ဂုဏ်ပြုညစာ ဖြင့်တည်ခင်းဧည့်ခံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံစဉ်။




တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်- မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE အား အမှတ်တရပစ္စည်းပေးအပ်စဉ်။

နေပြည်တော် ၅-၈-၂၀၁၇

ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့ည ၇ နာရီတွင် ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Hideo WATANABE က Kaito Kaku ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် စောမင်း တို့တက်ရောက်ကြပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Hideo WATANABE၊ Kirin ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ Mr. Yoshinori Isozaki၊ နိပွန်ဖေါင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA၊ ဂျပန်- မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Yoshito Segoku နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ Kirin 
ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌနှင့် နိပွန်ဖေါင်ဒေးရှင်းဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ညစာအားအတူတကွ သုံးဆောင်ကြသည်။ ညစာသုံးဆောင် နေစဉ်အတွင်း ဂျပန်ရိုးရာ တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှက တီးခတ်ဖျော်ဖြေခဲ့ကြသည့် ဂီတပညာရှင်နှစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား အမှတ်တရ ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌက နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...