Social Icons

Pages

Sunday, June 5, 2016

ဆင်ခြေထောက်ရောဂါကို ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်မှ ဖယ်ရှားရန် နည်းဗျူဟာနှစ်ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်


ရန်ကုန် ၊ ၅-၆-၂၀၁၆

မြန်မာနိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်ခြေထောက် ရောဂါကို ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ်မှ ဖယ်ရှားရန် နည်းဗျူဟာ နှစ်ခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ ဆင်ခြေထောက် ရောဂါသည် အသက်အရွယ် မရွေး၊ လူမျိုးဘာသာ မရွေး ကူးစက်ဖြစ်ပွား နိုင်သောကြောင့် မပေါ့ဆ သင့်ကြောင်းနှင့် ဆေးတိုက် ကျွေးခြင်းကို မပျက်မကွက် သောက်ရန်လို အပ်ကြောင်း သိရသည်။

''လူတိုင်းနီးပါး ဒီရောဂါပိုး အချိန်မရွေး ကူးစက်ခံရ နိုင်တယ်။ ရောဂါ ဖြစ်တာကို မသိဘဲ ပေါ့ဆမိရင် နောက်ဆက်တွဲ ဆိုးကျိုးများတယ်။ ခန္ဓာကိုယ် ရုပ်ပျက်၊ ဆင်းပျက် ဖြစ်တာမျိုးတွေ ကြုံရနိုင်တယ်။ ဒါကြောင့် ဆေးတိုက်ချိန်မှာ မဖြစ်မနေ သောက်ဖို့ လိုတယ်။ ဆေးက သောက်ပြီးရင် ခဏလောက်တော့ မူးတတ်တယ်''ဟု အထွေထွေ ရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ အောင်မိုး က ပြောသည်။

ဆင်ခြေထောက် ရောဂါ ကင်းဝေးရန် တိုက်ကျွေးမည့် ဆေးနှစ်မျိုးရှိပြီး သန်ချဆေးပေါင်း ဒီအီးစီ ဆေးပြားနှင့် အယ်လ်ဘင်ဒါဇိုး ဆေးပြား တို့ကို ပူးတွဲပြီး တိုက်ကျွေး ရမည်ဖြစ်သည်။

ဆေးပြား တိုက်ကျွေးမှု ပုံစံများတွင် အသက်အုပ်စု အလိုက် ကွဲပြားမှုရှိပြီး အသက်နှစ်နှစ် ပြည့်မှ အသက်ငါးနှစ် အတွင်း အယ်လ်ဘင်ဒါဇိုး ဆေးပြား ၄ဝဝ မီလီဂရမ် တစ်ပြား၊ ဒီအီးစီ ဆေးပြား၂ဝဝ မီလီဂရမ် ပြားတစ်ဝက် နှင့် ဒီအီးစီ ဆေးပြား ၁ဝဝ မီလီဂရမ် တစ်ပြား တိုက်ကျွေးသွားမည် ဖြစ်သည်။ ဆင်ခြေထောက် ရောဂါပိုးကို သယ်ဆောင်သော ခြင်သည် မသန့်ရှင်းသော ရေပုပ်ရှိရာ ရေမြောင်းများ၊ ရေဆိုးကန်များ၊ ရေပုပ်များ ရှိသည့် ကျင်းများ၌ ပေါက်ပွားလေ့ ရှိသည်။

ဆင်ခြေထောက် ရောဂါပိုး ဝင်သွားသော်လည်း ချက်ချင်း လက္ခဏာမပြဘဲ ပိုးဝင်သွားချိန်မှ အချိန်ခြောက်လ၊ တစ်နှစ်အထိ ကြာသည်။ ဆင်ခြေထောက် ရောဂါအဆင့် သို့ရောက်ရန် အချိန် ၁ဝ နှစ်ခန့် ကြာတတ်သည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...