Social Icons

Pages

Monday, February 15, 2016

တက္ကသိုလ်ရှစ်ခုမှ အမျိုးသမီး ကင်းထောက်ခေါင်းဆောင် ၆၈ ဦးဖြင့် တတိယအကြိမ် အခြေခံနည်းပြသင်တန်း ဖွင့်လှစ်



ရန်ကုန် ၊ ၁၅-၂-၂၀၁၆

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ရန်ကုန်တက္ကသိုလ် မှ ဦးစီး၍ တက္ကသိုလ် ရှစ်ခုမှ အမျိုးသမီး ကင်းထောက် ခေါင်းဆောင် ၆၈ ဦးဖြင့် တတိယမြောက် အခြေခံနည်းပြ သင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်တက္ကသိုလ် ၌ ထပ်မံဖွင့်လှစ် လိုက်ကြောင်း မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ သင်တန်းတွင် ပညာရေး တက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ အရှေ့ပိုင်း တက္ကသိုလ်၊ အနောက်ပိုင်း တက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ်၊ အမျိုးသား စီမံခန့်ခွဲရေး ကောလိပ်နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ဆရာမများ၊ ကျောင်းသူ ၆ဝ ဦးနှင့် ပြင်ပမှရှစ်ဦး စုစုပေါင်း ၆၈ ဦးပါဝင်သည်။

မြန်မာနိုင်ငံ အမျိုးသမီး ကင်းထောက် အဖွဲ့သည် အမျိုးသမီးငယ် လေး များအနေဖြင့် ကင်းထောက် စိတ်ဓာတ် ထားရှိကာ တစ်ဖက်သားကို ကူညီခြင်း၊ မိမိတို့ ကိုးကွယ်သည့် ဘာသာနှင့် မိမိတို့နိုင်ငံ အတွက် အကောင်းဆုံး လုပ်ဆောင် စေတတ် ခြင်း၊ သူတစ်ပါးအား အချိန်မရွေး ကူညီခြင်း အစရှိသည့် ကင်းထောက် ကျင့်ဝတ် ၁ဝ ပါး ကို အစဉ်လိုက် ထိန်းသိမ်းတတ် စေရန်နှင့် အရည်အချင်း ပြည့်ဝသည့် ကင်းထော က် ခေါင်းဆောင်များ ပေါ်ပေါက်စေရန် အခြေခံ နည်းပြ သင်တန်းများကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...