Social Icons

Pages

Friday, August 7, 2015

ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်


ရန်ကုန် ၊ ၇-၈-၂ဝ၁၅

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆို အောင်မြင် ခဲ့ကြသူများ ထဲမှ လုပ်ငန်းခွင် အကြို ဆရာအတတ် ပညာ ဒီပလိုမာ သင်တန်း တက်ရောက်လို သူများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံး များ၌ စတင် လျှောက်ထား နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင် အကြို ဆရာ အတတ်ပညာ ဒီပလိုမာ သင်တန်း များကို ယခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ရာ ဝင်ခွင့် လျှောက်ထား လိုသူများ အနေဖြင့် စက်တင်ဘာ ၁၁ ရက် နောက်ဆုံး ထား၍ လျှောက်လွှာ တင်ရန် သတ်မှတ် ထားကြောင်း သိရသည်။

အဆိုပါ ဝင်ခွင့် လျှောက်လွှာများ ကို မြို့နယ် ပညာရေးမှူးရုံး များ၌ စတင် ထုတ်ပေးလျက်ရှိပြီး ဝင်ခွင့် လျှောက်ထားသူ များသည် ၄င်းတို့ ဦးစားပေး တာဝန် ထမ်းဆောင် လိုသော ပညာရေးခရိုင် အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံး တစ်ခုတည်း သို့သာ လျှောက်ထား နိုင်ကြောင်းနှင့် တက်ရောက်ရမည့် ပညာရေး ကောလိပ်ကို ခရိုင်အလိုက် သတ်မှတ်ထားပြီး ဖြစ်ကြောင်း ဆရာ အတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပညာရေး ကောလိပ်များတွင် ဝင်ဆံ့နိုင်သော သင်တန်းသား အရေအတွက် ကိုသာ လက်ခံ သင်ကြားပေးမည် ဖြစ်ပြီး ဒေသခံ လျှောက်လွှာရှင် များကို ဦးစားပေး ရွေးချယ်လေ့ ရှိရာ ဝင်ခွင့် လျှောက်ထားသူ များသည် မည်သည့် ပညာရေး ကောလိပ်တွင် မဆို တက်ရောက် နိုင်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ဝင်ခွင့် လျှောက်ထားခြင်း များအတွက် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်ကို ကန့်သတ် ထားခြင်းမရှိဘဲ အမှတ် အများဆုံး ရရှိသူမှစ၍ အရေအတွက် ပြည့်သည် အထိ အစဉ်လိုက် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်း ကာလမှာ နှစ်နှစ် ကြာမြင့်မည် ဖြစ်ပြီး သင်တန်း အောင်မြင် ပြီးဆုံးပါက နိုင်ငံတော်မှ ဆရာ အတတ်ပညာ ဒီပလိုမာဘွဲ့ ပေးအပ် ချီးမြှင့်ပြီး မူလတန်းပြ ဆရာ၊ ဆရာမ များအဖြစ် ခန့်ထားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...