Social Icons

Pages

Friday, August 7, 2015

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု များကြောင့် သဘာဝဘေးသင့်သူများကို အကူအညီပေးရန် ဖိတ်ခေါ်


နေပြည်တော် ၊ ၇-၈-၂ဝ၁၅

ဇွန်လနှင့် ဇူလိုင်လတို့တွင် မြန်မာနိုင်ငံ အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်လ အတွင်း ဖြစ်ပေါ်ခဲ့သော မုန်တိုင်းကြောင့် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများတွင် ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ်ပေါင်း ၄၃ မြို့ နယ်မှ လူဦးရေပေါင်း တစ်သိန်းကျော် တို့သည် ရေဘေး အန္တရာယ်ကို ထိခိုက်ခံစား ရလျက် ရှိသည်။

အဆိုပါ ရေဘေး ကျရောက်သည့် ဒေသများတွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကြက်ခြေနီ စေတနာ လုပ်အားရှင် ၁ဝဝဝ ကျော် နှင့်ဝန်ထမ်း တို့က ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ပေးခြင်း၊ ရှာဖွေ ကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရသူများကို ရှေးဦးပြုစု ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများ ပြုလုပ်ပေးခြင်း၊ ပျက်စီးမှုနှင့် လိုအပ်ချက်များကို ဆန်းစစ် လေ့လာမှုများ ပြုလုပ်ခြင်း၊ ဘေးကင်း လုံခြုံရာ ကယ်ဆယ်ရေး စခန်းများသို့ ပို့ဆောင်ပေးခြင်း နှင့်စခန်းများ၊ ခိုလှုံရာ နေရာများတွင် ကယ်ဆယ်ရေး အထောက်အပံ့များ ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။

လက်ရှိအချိန် အထိ သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ မိသားစုသုံး ပစ္စည်းများ၊ ဆေးစိမ် ခြင်ထောင်များ၊ အမျိုးသမီး တစ်ကိုယ်ရေသုံး (Dignity Kit) များကို ဖြန့်ဝေ ပေးထားပြီး အရေးပေါ် လိုအပ်နေသော အစား အသောက်များ ဖြန့်ဝေပေး နိုင်ရန် စီစဉ်လျက် ရှိသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံ အတွင်းရှိ မိဘပြည်သူများ အနေဖြင့် နိုင်ငံနှင့် အဝှမ်း ဖြစ်ပေါ်လျက် ရှိသော ရေဘေးကြောင့် ဘေးဒုက္ခ ကျရောက်ခံစား နေရသူများကို တတ်နိုင်သရွေ့ ကူညီနိုင်ရန် အတွက် အောက်ဖော်ပြပါ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ၊ အောက်တွင် ဖော်ပြထားသည့် ငွေစာရင်း အမှတ်သို့ ငွေလွှဲပြောင်း ပေးပို့ခြင်းဖြင့် ဖြစ်စေ အလှူငွေ ထည့်ဝင် နိုင်ပါရန် ဖိတ်ခေါ်အပ် ပါသည်-

အလှူငွေ လွှဲပြောင်းပေးပို့ရန်

ငွေစာရင်းအမှတ်၊ ဝ၂၇ဝ ၁၂၁ ဝဝဝဝ ၈၄၆၃ (အမေရိကန်ဒေါ်လာ)
ငွေစာရင်းအမှတ်၊ ဝ၂၇ဝ ၁ဝ၁ ဝဝဝဝ ၂၇၇၁ (မြန်မာကျပ်ငွေ)
ယူနိုက်တက်အမရဘဏ်၊ သိမ်ဖြူဘဏ်ခွဲ

ဆက်သွယ်ရန်

ဒေါ်မာမာစိန်၊ ဒုတိယညွှန်ကြားရေးမှူး၊
ဘဏ္ဍာရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း
ဖုန်း- ဝ၉-၉၇၇ ၁၁ ၅၅၈ဝ၊ ဝ၉-၄၃ဝ၈၃၈၆၃

အသေးစိတ်သိရှိနိုင်ရန်

ဦးကိုကိုကျော်၊ ညွှန်ကြားရေးမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊
မြန်မာနိုင်ငံကြက်ခြေနီအသင်း
ဖုန်း- ဝ၉-၉၇၇ ၁၁ ၅၅၅၅၊ ဝ၉-၈၆၁ ဝ၂၆၂
မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...