Social Icons

Pages

Monday, March 2, 2015

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခွင့်အလမ်းများနေသည့် မြန်မာ့ဆိပ်ကမ်းကြီး များ၌ ကွန်တိန်နာ သင်္ဘောကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံလာ



ရန်ကုန် ၊ ၃-၂-၂၀၁၅

ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ သင်္ဘောကုမ္ပဏီ များသည် အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု ဆိုင်ရာ အခွင့်အလမ်း များသည့် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းကြီး များ၌ ရင်းနှီးမြှုပ်နှံမှု စတင် လုပ်ဆောင် လာကြောင်း ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ Maersk Line မှ မန်နေးဂျင်း ဒါရိုက်တာ Bo Wegener ၏ ပြောကြားချက် အရ သိရသည်။
.
မြန်မာနိုင်ငံ၌ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုနှင့် ပတ်သက်၍ တိုးတက်လာမည့် အလားအလာ များစွာရှိနေပြီး ကုန်သွယ်မှု ပမာဏ သိသာစွာ ကြီးထွား လာမည်ဟု မျှော်မှန်း ထားကြောင်း သိရသည်။
.
လက်ရှိတွင် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့၌ ကုန်သွယ်မှု ရှိနေသော်လည်း မြန်မာနိုင်ငံ၏ အဝတ်အထည် တင်ပို့မှု မှတစ်ဆင့် အမေရိကန် နိုင်ငံနှင့် ဥရောပနိုင်ငံ များအထိ ကုန်သွယ်မှု ပြုနိုင်မည် ဖြစ်ကြောင်း ကွန်တိန်နာ သင်္ဘောကုမ္ပဏီ ကြီးများက တွက်ဆ ထားသည်။
.
ပြည်တွင်းရှိ ဆိပ်ကမ်းကြီး များ၌ ကွန်တိန်နာ သင်္ဘောကြီး များကို တစ်လလျှင် အကြိမ် ၄ဝ ဆိုက်ကပ်ခွင့်ပြု ထား၍ မြန်မာနိုင်ငံနှင့် အများဆုံး ကုန်သွယ်မှုကို အာရှနိုင်ငံ များနှင့် တရုတ်နိုင်ငံ တို့သို့ အဓိကတင်ပို့ နေကြရပြီး အာရှမှ မြန်မာနိုင်ငံသို့ ကုန်သွယ်မှု ခန့်မှန်းခြေ ၄၅ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။
.
ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ Maersk Line ၏ အာရှဒေသတွင်း လက်အောက်မှ ကုမ္ပဏီခွဲ ဖြစ်သော MCC Transport  သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက် ကုန်သွယ်ရေး ဝန်ဆောင်မှု လိုင်းသစ် ( Intra Asia 5 - IA 5) ကို ဖေဖော်ဝါရီလအ တွင်း စတင်ဖွင့်လှစ် ခဲ့ကာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့သည်။ ၄င်းတို့၏ အေဂျင်စီရုံးကို ရန်ကုန်မြို့ ၌ ၂ဝ၁၄ ခုနှစ် မေလက ဖွင့်လှစ်ခဲ့ကာ လုပ်ငန်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.
ရန်ကုန်မြို့၌ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကြီး ခုနစ်ခုရှိပြီး ယင်း ဆိပ်ကမ်းများ အတွင်း ကုန်တင်ပို့မှုနှင့် တင်သွင်းမှု များလာပြီး သင်္ဘောလိုင်းများ အပြိုင်အဆိုင် ဖြစ်လာ၍ ရင်းနှီးမြှုပ်နှံ လာကြသဖြင့် ဆိပ်ကမ်းများ ပိုမို
ချဲ့ထွင်ရန် လိုအပ်ပြီး အဆိုပါဆိပ်ကမ်း များသို့ ဆိုက်ရောက် လာသော ကွန်တိန်နာ သင်္ဘော တစ်စင်းလျှင် ကုန်ပစ္စည်း အမျိုးအစား များအလိုက် သင်္ဘော တန်ဆာခအဖြစ် အမေရိကန်ဒေါ်လာ ၅ဝဝ မှ ၅၅ဝ ခန့် ပေးဆောင် ရပြီး တစ်လအတွင်း သင်္ဘောတစ်စင်း အနေဖြင့် လေးခေါက်ခန့် ပို့ဆောင် နိုင်ကြောင်း သိရသည်။
.
မိုးအောင်
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...