Social Icons

Pages

Tuesday, February 24, 2015

နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ နှစ်စဉ်ပေးအပ်ချီးမြှင့်မည်



ရန်ကုန် ၊ ၂၄-၂-၂ဝ၁၅

မြန်မာနိုင်ငံမှ ဂျပန်ပြန် ပညာသင် ဟောင်းများ အသင်းနှင့် ဂျပန်နိုင်ငံမှ The Honda Foundation တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူ များကို ပညာသင်ဆုများ နှစ်စဉ် ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ် ကျောင်းများ၌ အင်ဂျင်နီယာ ဘာသာရပ် များကို သင်ကြား နေသော ကျောင်းသား၊ ကျောင်းသူ များအား အဆိုပါ ပညာသင်ဆု များကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပေးအပ် ချီးမြှင့်ခဲ့ရာ ယခု ပညာသင်နှစ် တွင်လည်း ဆက်လက် ချီးမြှင့်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် မေလတွင် လျှောက်လွှာများ စတင်ခေါ်ယူ နေပြီး ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ များကို စစ်ဆေး သွားမည် ဖြစ်ကြောင်းနှင့် ပညာသင်ဆု အတွက် ရွေးချယ်ခံ ရသူများကို သြဂုတ်လ တွင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပြီး ဒီဇင်ဘာလ တွင် ပညာသင်ဆု များကို ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း များအသင်း (MAJA) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိတွင် အဆိုပါ ပညာသင်ဆု များကို ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ သန်လျင် နည်းပညာ တက္ကသိုလ်၊ မှော်ဘီ နည်းပညာ တက္ကသိုလ် နှင့် အိုးဘို နည်းပညာ တက္ကသိုလ် တို့မှ ကျောင်းသား၊ ကျောင်းသူ များကို ရွေးချယ်၍ ပညာသင်ဆုများ ပေးအပ်ချီးမြှင့် ခြင်းဖြစ်ပြီး အခြား နည်းပညာ တက္ကသိုလ် များမှ ကျောင်းသား၊ ကျောင်းသူ များကိုလည်း ပညာသင်ဆုများ ချီးမြှင့်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...