Social Icons

Pages

Friday, December 5, 2014

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာတွင် အထောက်အကူ ဖြစ်စေမည့် လေ့လာသုံးသပ်မှု စစ်တမ်း ကောက်ယူမည်



ရန်ကုန် ၊ ၅-၁၂-၂၀၁၄

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် ကို ကမ္ဘာ့ အမွေအနှစ် စာရင်းတင်သွင်း ရာတွင် အထောက်အကူ ဖြစ်စေမည့် လေ့လာ သုံးသပ်မှုကို ကုလ သမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ အကူအညီ ဖြင့် ဟောင်ကောင်မှ ပညာရှင်နှစ်ဦး ငှားရမ်း၍ ရှေးဟောင်း သုတေသနဌာန မှ ပညာရှင်များနှင့် ပူးပေါင်းကာ စစ်တမ်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရှင်များက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ ဟိုတယ် ငါးလုံး ၊ တာဝါတစ်ခု၊ ဂေါက်ကွင်းနှင့် Guest House များ ဆက်လက်တိုးချဲ့ တည်ဆောက် နေမှုများကြောင့် ရှေးဟောင်း အမွေအနှစ်များ ထိခိုက်မှု ရှိ၊ မရှိကို စစ်တမ်းတစ်ခု အဖြစ် ကောက်ယူ၍ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။ ''ဒီလေ့လာ သုံးသပ်ချက် အရ ထွက်ပေါ်လာတဲ့ စစ်တမ်းက ပုဂံကို ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်း တင်သွင်းတဲ့ အခါ အထောက်အကူ ဖြစ်မှာပါ'' ဟု UNESCO မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် အောက်တိုဘာလ က ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရေး အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာ နိုင်ငံ ငါးနိုင်ငံမှ ပညာရှင် ၁၅ ဦးအပါအဝင် ပြည်တွင်း ပြည်ပမှ ရှေးဟောင်း သုတေသနပညာရှင်များ တက်ရောက်ခဲ့ပြီး ရှေးဟောင်းဇုန် နယ်နိမိတ် သတ်မှတ်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ စီမံခန့်ခွဲရေး၊ ကမ္ဘာလုံး ဆိုင်ရာ စစ်မှန်မှုနှင့် တည်တံ့ခိုင်မြဲမှု စံတန်ဖိုးများ စသည့်ကိစ္စရပ် များကို ဆွေးနွေးခဲ့ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်း အဆောက်အအုံသစ် တိုးချဲ့ ဆောက်လုပ်ခွင့်ကို ၂ဝ၁၅ ခုနှစ် ဧပြီလအထိ ရပ်ဆိုင်း ထားကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...