Social Icons

Pages

Tuesday, January 7, 2014

Managing Defence in the Wider Security Context Course သင်တန်းဖွင့်ပွဲကျင်းပ


တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့်
သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက် လာကြသူများ
အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၇-၁-၂၀၁၄

ကာကွယ်ရေး ၀န်ကြီးဌာန အပါအ၀င် နယ်ဘက်ဆိုင်ရာ ၀န်ကြီးဌာန များမှ ဖွင့်လှစ်ည့် Managing Defence in the Wider Security Context Course သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ပိုင်းက နေပြည်တော် ရှိ ရွှေနန်းတော် ဟိုတယ်တွင် ကျင်းပ ပြုလုပ်ရာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ စစ်သံမှူး Colonel Tony Stern ၊ သင်တန်း တာဝန်ခံ နည်းပြ Colonel Martyn William ၊ Academic Director ဖြစ်သူ Dr. Laura Richards Cleary နှင့် သင်တန်းသား အရာရှိကြီးများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် နှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ စစ်သံမှူး နှင့် သင်တန်း တာဝန်ခံ နည်းပြတို့က နှုတ်ခွန်းဆက် စကားများ ပြောကြားပြီး Academic Director က သင်တန်းဆိုင်ရာများ ရှင်းလင်း ပြောကြားသည်။

ဖွင့်ပွဲ အခမ်းအနား အပြီးတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် မှ တာဝန်ခံ နည်းပြအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...