Social Icons

Pages

Tuesday, January 7, 2014

မြန်မာ - ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး



ရန်ကုန် ၊ ၇-၁-၂၀၁၄

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသား လွတ်တော် ဥပဒေရေးရာ နှင့် တရားစီရင်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ H.E Ms. PARK Young-sun ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ သို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အတူ ပြည်သူ့ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် ၊ ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်း ၊ ဦးအေးမောက် ၊ ကော်မရှင် အဖွဲ့ဝင် 
ဒေါ်အေးအေးမူ နှင့် လွှတ်တော် ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြပြီး ဧည့်သည်တော် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. LEE Baek Soon လည်း တက်ရောက်သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက် ခိုင်မြဲရေး ၊ နှစ်နိုင်ငံ လွှတ်တော် အချင်းချင်း ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ ၊ မြန်မာနိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ဆောင်ရွက် နေမှုများ နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရ ဓာတ်ပုံ ရိုက်ကူး ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...