Social Icons

Pages

Saturday, January 11, 2014

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၇၄) နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၄၈) သင်တန်းဆင်း အခမ်းအနား တက်ရောက်


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား 
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ
တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၇၄) နှင့်
တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၄၈) 
သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ်

ရန်ကုန် ၊ ၁၁-၁-၂၀၁၄

တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ် (၇၄) နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၄၈) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင်မြို့ နယ်မြေခံ ရေတပ် လေ့ကျင့်ရေးကျောင်း ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြား သည်။

အဆိုပါ အခမ်းအနားသို့ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် တင်မောင်ဝင်း ၊ ရန်ကုန် တပ်နယ် နှင့် သန်လျင် တပ်နယ်တို့မှ တပ်မတော် အရာရှိကြီးများ ၊ ကျောင်းဆင်း အရာရှိများ၏ မိဘ ဆွေမျိုးများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများသည် စစ်ရေးပြကွင်း အတွင်း ချီတက်နေရာ ယူကြပြီး နိုင်ငံတော် အလံအား အလေးပြု ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား     ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ သည် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများ၏ အလေးပြုခြင်း ကို ခံယူပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲ များကို စစ်ဆေးသည်။

ယင်းနောက် ကျောင်းဆင်း တပ်ခွဲနှင့်  ဂုဏ်ပြု တပ်ခွဲများ က ကာကွယ်ရေး ဦးစီးချုပ်(ရေ) အား အနှေးလျှောက် ၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုကြသည်။

ထိုသို့ ချီတက် အလေးပြု နေစဉ် တပ်မတော်(ရေ) မှ စစ်ရေယာဉ်များ က ရန်ကုန်မြစ် အတွင်းမှ ကာကွယ်ရေး ဦးစီးချုပ်(ရေ) အား ပုံပြု ချီတက် မောင်းနှင် အလေးပြု ကြသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) က တပ်မတော်(ရေ) အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၇၄) မှ အကောင်းဆုံး ကျောင်းသား ဆုရ ရေ ၄၉၉၅ ဗိုလ် စိန်မင်းညွန့် အား လည်းကောင်း ၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၄၈) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅ဝဝ၇ ဗိုလ် ထွန်းလင်းမြင့် အား လည်းကောင်း ထူးချွန်ဆုများ   ပေးအပ် ချီးမြှင့်သည်။    ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) က သင်တန်းဆင်း မိန့်ခွန်း ပြောကြား သည်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ
တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၄၈)မှ
အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၀၀၇ ဗိုလ် ထွန်းလင်းမြင့် အား
ထူးချွန်ဆု ပေးအပ်ချီးမြှင့်စဉ်

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) သည်  ကျောင်းဆင်း တပ်ခွဲနှင့်  ဂုဏ်ပြုတပ်ခွဲ များ၏ အလေးပြုခြင်း ကို ခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာ သွားသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် အခမ်းအနား သို့ တက်ရောက် လာသော အရာရှိကြီး များသည် ကျောင်းဆင်း အရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...