Social Icons

Pages

Friday, December 13, 2013

၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား အတွက် အကယ်ဒမီဗန်းကိုင် ရှစ်ဦးရွေးချယ်



ရန်ကုန် ၊ ၁၃-၁၂-၂၀၁၃

၂ဝ၁၂ ခုနှစ်အတွက် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား၌ ဆုဗန်းကိုင် လျှောက်ထားသူ ၅၄ ဦးအနက် ရှစ်ဦးကို ယမန်နေ့ တွင် ဆန်ခါတင် ရွေးချယ် ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ သိရသည်။

ဆန်ခါတင် ရွေးချယ် ခံရသူ ရှစ်ဦးမှာ(ပုံ) မမေမြင့်မိုရ် ၊ မလမင်းအိနြေ္ဒ (ခ) ရွှေယမင်းအေး ၊ မအင်ကြင်းထူး ၊ မဆောင်းဝတ်ရည်မေ ၊ မရှင်ဝေနိုင်ဦး ၊ မခိုင်ဇင်သင်း (ခ) ပန်းရောင် ၊ မနှင်းဆီဝိုင် နှင့် မမေစူးနိုင်း တို့ကို ယမန်နေ့ နံနက် ၉နာရီခွဲ တွင် အပြီးသတ် ရွေးချယ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်က ဆုဗန်းကိုင် ရွေးချယ်သူ ၅၄ ဦးအား အရည်အချင်း သတ်မှတ်ချက်များ အရ အကဲဖြတ် စိစစ်ရေး အဖွဲ့မှ ၁၅ ဦးကို ရွေးချယ် ခဲ့ကြောင်း ၊ မူလက ၂ဝ ဦးရွေးချယ်ကာ ၁ဝဦးကို ဗန်းကိုင်အဖြစ် ရွေးချယ်ရန် စီစဉ် ခဲ့သော်လည်း ရွေးချယ် ရရှိသူ ၁၅ ဦးသာ ရှိသောကြောင့် ဆန်ခါတင် ရှစ်ဦးကိုသာ စိစစ်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံးမှ သိရသည်။

ဆုဗန်းကိုင်များကို ရွေးချယ် ပေးခဲ့သော အကဲဖြတ်ဒိုင် များမှာ ဦးမြတ်ခိုင် ၊ ဦးဝင်းငြိမ်း ၊ ကိုမျိုး (မြန်မာစာ) ၊ ဦးရန်အောင် ၊ ဒေါ်မို့မို့မြင့်အောင် ၊ ဒေါ်မျိုးသန္တာထွန်း ၊ ဒေါ်မေသန်းနု ၊ ဒေါ်အိန္ဒြာကျော်ဇင် နှင့် ဒါရိုက်တာ မိုက်တီး တို့က ဆန်ခါတင် စိစစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနား ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း ၌ ကျင်းပမည် ဖြစ်ပြီး အကယ်ဒမီ စာရင်းဝင်သော ဇာတ်ကား အချို့မှာ ဥ ၊ မော်ကင်းဥဒါန်း ၊ အဖြူရောင် ရဲတိုက် ၊ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ၊ ကယန်းအလှ တို့သည် အကယ်ဒမီ ဆုရရှိရန် အတွက် နာမည်ကြီး နေသော ဇာတ်ကား အချို့ဖြစ်သည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ၂ဝ၁၂ ခုနှစ်မှ စတင်၍ ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...