Social Icons

Pages

Showing posts with label ဘဏ္ဍာရေးဆိုင်ရာ. Show all posts
Showing posts with label ဘဏ္ဍာရေးဆိုင်ရာ. Show all posts

Tuesday, April 26, 2016

ပြည်သူ့အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာကို ဧပြီ ၂၇ ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သွားသည်


ရန်ကုန် ၊ ၂၆-၄-၂၀၁၆

မြန်မာနိုင်ငံအတွက် ပထမဆုံးသော ပြည်သူ့ အသုံးစရိတ် ပြန်လည်သုံးသပ်မှု အစီရင်ခံစာကို ကမ္ဘာ့ဘဏ်က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ကမ္ဘာ့ ဘဏ်အုပ်စု တို့ ပူးပေါင်းကာ ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရ၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဘတ်ဂျက်မူဝါဒများ အပေါ် ကျယ်ကျယ်ပြန့်ပြန့်လေ့လာသုံးသပ် ထားသည့် အစီရင်ခံစာ ကို နေပြည်တော်၌ ဆွေးနွေးသွားမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲ၌ တာဝန်ရှိသူများ နှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်း များနှင့် တွေ့ဆုံ၍ အစီရင်ခံစာပါ အဓိကအချက် များကို တင်ပြဆွေးနွေး သွားရန် စီစဉ်ထားသည်။

အဆိုပါ အစီရင်ခံစာ၌ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဘတ်ဂျက်တွင် အဓိကကျသည့် ပြုပြင်ပြောင်းလဲမှု များစွာကို ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ ယခု အစီရင်ခံစာသည် အစိုးရ၏ ပြည်သူ့ရေးရာ အသုံးစရိတ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပိုမိုနက်ရှိုင်းသည့် မူဝါဒဆွေးနွေး မှုများဖြစ်ပေါ်ရန် ရည်ရွယ်ထားပြီး အဓိကကျသော ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ၏ အရည်အသွေးကို မြှင့်တင်နိုင်ရန်နှင့် ထိရောက်မှု ရှိစေရန် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် သွားနိုင်မည့် အကြံပြုချက် များကို ဖော်ပြ ထားကြောင်း သိရသည်။

နေပြည်တော်၌ ယခုလ ၂၇ ရက်တွင် ယခုအစီရင်ခံစာတွင် ပါဝင်သည့် အဓိက အပိုင်းများအနက် တချို့မှာ ပြည်ထောင်စု ဘတ်ဂျက် အစိတ်အပိုင်း များအား ပြန်လည် ညှိနှိုင်းခြင်း၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု များ၏ ဖြန့်ကြက် ပေးနိုင်မှု၊ အရည်အသွေး နှင့် သာတူညီမျှ ရှိစေမှုတို့ကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ ကျန်းမာရေး ဆိုင်ရာ အစိုးရ အသုံးစရိတ်များ ထိရောက်စွာ သုံးစွဲခြင်းနှင့် တခြား ကဏ္ဍများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးမောင်မောင် ဝင်း နှင့် ကမ္ဘာ့ ဘဏ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေဆက် တို့က အစီရင်ခံစာပါ အဓိကအချက် များနှင့် အကြံပြုချက် များကို ဦးဆောင်တင်ပြ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)
Related Posts Plugin for WordPress, Blogger...