Social Icons

Pages

Monday, February 11, 2019

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်- ပြည်လမ်း (မှော်ဘီ-တိုက်ကြီး) လမ်းပိုင်း ကတ္တရာ ကွန်ကရစ် လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ရန်ကုန်- ပြည်လမ်း (မှော်ဘီ-တိုက်ကြီး) လမ်းပိုင်း ကတ္တရာ ကွန်ကရစ် လမ်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ 
-
မက်(စ်)ဟိုက်ဝေး ကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်နေသည့် ရန်ကုန်- ပြည်လမ်း(မှော်ဘီ-တိုက်ကြီး) လမ်းပိုင်း ၄၈ ပေ လေးလမ်းသွား ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်  ရန်ကုန် တိုင်းဒေသကြီး   တိုက်ကြီးမြို့နယ်  တာခွ ကျေးရွာအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော်က ဝန်ကြီးဌာနအနေဖြင့် လမ်း-တံတား လုပ်ငန်းများကို B.O.T စနစ်ဖြင့် ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူတိုင်းရင်းသားပြည်သူများ လိုရာခရီးကို ချောမွေ့မြန်ဆန်ပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လမ်း- တံတား လုပ်ငန်းများကို B.O.T ကုမ္ပဏီများဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်မှ  B.O.T လမ်း-တံတားလုပ်ငန်းများတွင်ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲရန်မလိုဘဲပြည်သူများ၏အခြားသောပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများတွင်အသုံးပြုခြင်းဖြင့်ကဏ္ဍပေါင်းစုံ အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း။ 
-
မြန်မာနိုင်ငံ၏ လမ်း-တံတားလုပ်ငန်းများကို B.O.T စနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် လားရှိုး-မူဆယ်လမ်း အပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုတိုင်းရင်းသား  B.O.T ကုမ္ပဏီပေါင်း၂၅ ဖွဲ့မှ လမ်းမိုင်ပေါင်း ၃၂၆၄ မိုင်ကိုအဆင့် မြှင့်တင် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ B.O.T ကုမ္ပဏီများ၏ တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတကာ စံနှုန်းများနှင့် တွက်ချက်ပြီး ပူးပေါင်း ဆောင်ရွက်မှသာ P.P.P ပုံစံဖြင့် အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း။
-
ခေတ်စနစ်နှင့် မကိုက်ညီသည့် ပဋိညာဉ်စာချုပ်များကို  နိုင်ငံတကာစံနှုန်းနှင့် ညီညွတ်သော စာချုပ်တွေဖြစ်ရန်အာရှဖွံ့ဖြိုးရေး ဘဏ်၏ နည်းပညာ အထောက်အပံ့ဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေအတိုင်ပင်ခံ အဖွဲ့များ၊ လွှတ်တော် ကိုယ်စား လှယ်များ၊  အစိုးရ အဖွဲ့ဝင်များ၊ B.O.T ကုမ္ပဏီများပါဝင်သည့်အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပခဲ့ကြောင်း၊ နိုင်ငံ တကာ စာချုပ် စာတမ်းစံနှုန်းများ နှင့်အညီ B.O.Tကုမ္ပဏီများ၏ စာချုပ်စာတမ်းများကို ပြန်လည်ပြင်ဆင်ရန် စီစဉ် နေကြောင်း၊ ယခုလို ဆောင်ရွက်ခြင်းဖြင့် ခေတ်စနစ်နှင့် လျော်ညီသော စီးပွားရေးအရ တွက်ခြေကိုက်ရန် ပြည်သူများမှ ပေးဆောင်ရမည့်လမ်းအသုံးပြုခများကို ရှာဖွေဆန်းစစ်ပြီး ဆောင်ရွက်နေကြောင်း ပြောကြားသည်။ 
-
ထို့နောက် တာဝန်ရှိသူများက ရန်ကုန်- ပြည်လမ်း(မှော်ဘီ-တိုက်ကြီး)  လမ်းပိုင်း ၄၈ ပေလေးလမ်းသွား ကတ္တရာကွန် ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...