Social Icons

Pages

Monday, February 18, 2019

ပန်းတောင်းမြို့နယ်၊ တက်သစ်ကျွန်း ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

-
နေပြည်တော် ဖေဖော်ဝါရီ  ၁၇ 
-
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တက်သစ်ကျွန်းကျေးရွာရှိဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကျွန်းထိပ် ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၂၈၅ ဦးတို့ကို နား/ နှာခေါင်း/လည်ချောင်းရောဂါ၊မျက်စိရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ခြောက်ဦးကို ဥသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့နောက် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါအကြောင်းသိကောင်းစရာများနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ရွှေကျင်မြို့၊ကျွဲတဲရပ်ကွက်ရှိအောင်မြေသာယာဘုန်းတော်ကြီးကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အုတ်တွင်းတပ်နယ်မှ တပ်မတော်သားများက သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် အောင်ပြည်သာကျေးရွာ၌ ရေကန်တူးဖော် ခြင်းများ ဆောင်ရွက်ပေးကြသည်။ 
-
ပန်းတောင်းမြို့နယ်၊ တက်သစ်ကျွန်း ကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကျွန်းထိပ် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝိန္နအား ဖူးမြော်၍ ဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...