Social Icons

Pages

Tuesday, February 19, 2019

လားရှိုးမြို့၊ ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသနေသည့် မိုင်းထိလူနာနှစ်ဦးအား စားသောက်ဖွယ်ရာများ ပေးအပ်

လားရှိုးမြို့၊ ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသနေသည့် မိုင်းထိလူနာနှစ်ဦးအား စားသောက်ဖွယ်ရာများ ပေးအပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၈ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံ၌ မိုင်းထိဒဏ်ရာများဖြင့် ဆေးရုံတက်ရောက် ကုသနေသည့် သီပေါမြို့နယ်၊  နမ့်ရမ်းကျေးရွာအုပ်စု၊  နမ့်မော်လုံ ကျေးရွာနေ ဦးဝိဇေယျနှင့် ဦးကေတတို့နှစ်ဦးကို ယနေ့မွန်းလွဲပိုင်း တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 
-
အဆိုပါ မိုင်းထိလူနာနှစ်ဦးသည် တစ်ရွာတည်းနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတိကနှင့်အတူ နမ့်ရမ်းကျေးရွာသို့ သွားရောက်စဉ် နမ့်မော်လုံကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂၅ဝဝ ခန့်အကွာသို့ အရောက်၌ တိုက်မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် ဦးတိကသည် နေရာ၌ပင်သေဆုံးခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် သီပေါမြို့နယ်ပြည်သူ့ဆေးရုံမှ တစ်ဆင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှုခံယူနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။        -
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...