Social Icons

Pages

Monday, February 11, 2019

မိုင်းနောင် မြို့နယ်ခွဲ၊ မိုင်းနန်း ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မိုင်းနောင် မြို့နယ်ခွဲ၊ မိုင်းနန်း ကျေးရွာနှင့်  အနီးပတ်ဝန်းကျင် ကျေးရွာများမှ  သံဃာတော်များနှင့် ဒေသခံ ပြည်သူ များအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁ဝ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊မိုင်းနောင်မြို့နယ်ခွဲ၊ မိုင်းနန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအားယနေ့နံနက်ပိုင်းတွင်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသ ရေးအဖွဲ့က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၅ဝ ပါးနှင့် ဒေသခံ ပြည်သူ ၁၂၄ ဦးကို  အဆုတ် ရောဂါ၊ သွေး အားနည်းရောဂါ၊ အစာအိမ်ရောဂါ၊ တုပ်ကွေး ရောဂါ၊ အရေပြားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးသည်။
-
ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တမာန်ဓရအားဖူးမြော်၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...