Social Icons

Pages

Monday, February 18, 2019

စစ်ဘက် ဆေးပညာဆိုင်ရာ လက်တွေ့လေ့ကျင့်ခန်း (၂ဝ၁၉) အပြီးသတ် ညှိနှိုင်း အစည်းအဝေးပြုလုပ်

စစ်ဘက် ဆေးပညာဆိုင်ရာ လက်တွေ့လေ့ကျင့်ခန်း (၂ဝ၁၉) အပြီးသတ် ညှိနှိုင်း အစည်းအဝေးပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၇ 
-
အာဆီယံ အပေါင်း တပ်မတော်ဆေးဘက်ဆိုင်ရာလုပ်ငန်းကျွမ်းကျင်အဖွဲ့များ၏သုံးနှစ်တာပူးတွဲ ဥက္ကဋ္ဌများဖြစ်သည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့က ကြီးမှူး ဆောင်ရွက်မည့် စစ်ဘက် ဆေးပညာဆိုင်ရာ လက်တွေ့ လေ့ကျင့်ခန်း (၂ဝ၁၉)၏  အပြီးသတ်ညှိနှိုင်း အစည်းအဝေး (Final Planning Confer-ence-FPC) ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ Melia Hotel ၌ပြုလုပ်သည်။
-
ဦးစွာပူးတွဲသဘာပတိများဖြစ်သည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တပ်မတော်တို့မှ တာဝန်ရှိ သူများက အဖွင့်အမှာစကား ပြော ကြားကြသည်။ ထို့နောက် အာဆီယံအပေါင်း တပ်မတော် ဆေးဘက်ဆိုင်ရာလုပ်ငန်း ကျွမ်းကျင်အဖွဲ့၏ အိန္ဒိယ သမ္မတနိုင်ငံတွင်မကြာမီကျင်းပပြုလုပ်မည့် စစ်ဘက်ဆေးပညာဆိုင်ရာ လက်တွေ့လေ့ကျင့်ခန်း(၂ဝ၁၉)နှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှုအခြေအနေများ၊   လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်မည့်အဖွဲ့များ၏ ပြင်ဆင် ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာအဖွဲ့အလိုက်တစ်ဖွဲ့ချင်းဆွေးနွေးမှုပြုလုပ်ခြင်းနှင့်အပြန်အလှန်သုံးသပ်ခြင်းများအား ပြုလုပ်ခဲ့ပြီး လေ့ကျင့်ခန်းကျင်းပမှုနှင့်စပ်လျဉ်း၍တက်ရောက်လာသည့် ကိုယ်စားလှယ်များက မေးမြန်း ဆွေးနွေးကြသည်။
-
-
အဆိုပါအစည်းအဝေးကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အာဆီယံ အပေါင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်အာဆီယံတပ်မတော် ဆေးဘက်ဆိုင်ရာဗဟိုဌာန (ASEAN Center of  Military Medicine- ACMM) တို့မှ  ကိုယ်စားလှယ် ၅၈ဦး တက်ရောက်ကြပြီး ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒုတိယအကြိမ်   အာဆီယံ စစ်ဘက် ဆေးပညာ ညီလာခံ  (ASEAN  Military Medicine Conference-2nd AMMC) အား ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...