Social Icons

Pages

Friday, February 8, 2019

ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ
-
နေပြည်တော်   ဖေဖော်ဝါရီ   ၇ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General  Ponpipaat  Benyasri နှင့်ဇနီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် လေဆိပ်သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး၊ ထိုင်းဘုရင့်တပ်မတော်မှစစ်သံမှူးများက  လေဆိပ်တွင်  ကြိုဆိုနှုတ်ဆက်ကြသည်။ 
-
ထို့နောက် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ပြီး အလှူငွေများ ပေးအပ်ခြင်း၊ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးခြင်း၊  ဆင်ဖြူတော်များအားကြည့်ရှုခြင်းများပြုလုပ်ပြီး သူရဲကောင်းစစ်သည်ဗိမာန်သို့ သွားရောက် လေ့လာ၍ ပန်းခွေချ အလေးပြုကာစုပေါင်းဓာတ်ပုံရိုက် ကြသည်။
-
အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်းအခြား အထင်ကရနေရာများသို့ လှည့်လည် လည်ပတ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...