Social Icons

Pages

Wednesday, February 13, 2019

အမြို့မြို့အနယ်နယ်၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

အမြို့မြို့အနယ်နယ်၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင်  မြို့မရပ်ကွက်ရှိ လွတ်လပ်ရေး ပန်းခြံ၌ ကျင်းပသည်။ 
-
အခမ်းအနားတွင် တက်ရောက်လာကြသူများကနိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်  အာဇာနည် ခေါင်းဆောင်ကြီးများအားအလေးပြုပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက ဖတ်ကြားသည်။ 
-
ဆက်လက်၍ အထက်တန်း၊အလယ်တန်းအဆင့်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာပြိုင်ပွဲနှင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်း၊ ခရိုင်ခေတ္တ အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့က ပေးအပ်သည်။ 
-
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံများ တက်ရောက်ကြကြောင်းသိရသည်။ 
-
ချမ်းသာ(မိတ္ထီလာ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...