
-
ရန်ကုန် ဖေဖော်ဝါရီ ၁၇
-
ရန်ကုန်တိုင်းဒေသကြီကျောက်တန်းမြို့နယ်ရှိမြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ)သို့ Destination Asia Co., Ltd. ၏ အစီအစဉ်ဖြင့် ရောက်ရှိဆိုက်ကပ်ခဲ့သည့် ဂျာမနီနိုင်ငံ အခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော MS.Seven Seas Mariner သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရသည်။
-
ယင်းကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘောတွင် ကပ္ပတိန် အီတလီနိုင်ငံသား Mr.Ubaldo Amellino အပါ သင်္ဘော ဝန်ထမ်း ၄၅၂ ဦး၊ ခရီးသည် ၆၄၉ ဦး စုစုပေါင်း ၁၁ဝ၁ဦး လိုက်ပါလာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆာဘန်း ဆိပ်ကမ်းမှ တစ်ဆင့် ဖေဖော်ဝါရီ ၁၄ ရက် နံနက်ပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)သို့ရောက်ရှိ ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။
-
ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီ၊ ဗိုလ်တထောင်စေတီ၊ ဗိုလ်ချုပ်ဈေး၊ အမျိုးသား ပြတိုက်၊ သန်လျင် ကျိုက်ခေါက်စေတီ၊ ကျိုက်မှော်ဝန်းစေတီ၊ ပဲခူးမြို့ရှိတန်ခိုးကြီးဘုရားများနှင့် ကမ္ဘောဇသာဒီ နန်းတော်၊ မန္တလေးမြို့နှင့် ပုဂံမြို့တို့ရှိ အထင်ကရ နေရာများသို့ မော်တော်ယာဉ်များ၊ လေကြောင်း ခရီးများဖြင့် သွားရောက် လေ့လာ လည်ပတ် ကြကြောင်းသိရသည်။၎င်းအပျော်စီးသင်္ဘော မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)မှ ထိုင်းနိုင်ငံဖူးခက်ဆိပ်ကမ်းသို့ ထွက်ခွာရာတွင် သင်္ဘော ဝန်ထမ်းများနှင့် ခရီးသည်များကို သက်ဆိုင်ရာ တာဝန်ရှိသူတို့ကလိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment