-
မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၅
-
တောင်သူများစပါး သီးနှံတစ်ဧက အထွက် နှုန်းတိုးတက်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော စပါးခွံ၊ အီးအမ်ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း သရုပ်ပြသပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ် မရဲ့အုန်းပင်စုကျေးရွာအုပ်စု မရဲ့ အုန်းပင်စု ရွာမအကျိုးဆောင်တောင်သူ ဦးတင်အောင်သန်း၏ လယ်ယာ စိုက်ခင်း အနီး ကောက်ရိုးပုံ သရုပ်ပြကွင်း၌ ကျင်းပသည်။
-
သရုပ်ပြပွဲတွင် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဌေးလွင်က အလျားပေ ၄ဝ၊ အနံပေ ၂ဝ နှင့် အမြင့် ၅ ပေရှိ မြေဆွေးပုံ ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသသည်။ ထို့နောက် လေ့လာရေး တောင်သူများက စပါးခွံ၊ ဘိုကာရှီမြေဆွေး ပြုလုပ်နည်းနှင့် ပတ်သက်၍ မရှင်းလင်းသော အချက်များကို မေးမြန်းရာ တာဝန်ရှိ သူများက ပြန်လည်ဖြေ ကြားကြသည်။
-
သရုပ်ပြပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဌေးလွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေယံထွန်းနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နှင့် ဒေးဒရဲမြို့နယ်တို့မှ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး များနှင့် ဝန်ထမ်းများ၊ မရဲ့အုန်းပင်စုနှင့် အနီးအပါးကျေးရွာသုံးရွာမှ လေ့လာရေးတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
-
မော်ကျွန်း မြင့်အောင်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment