Social Icons

Pages

Friday, February 15, 2019

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၄ 
-
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့မွန်းတည့် ၁၂ နာရီခန့်၌ လွယ်ဂျယ်ဘက်မှမြစ်ကြီးနားဘက်သို့ ဦးနေဝင်းအောင်(ဘ) ဦးအေးဆောင် မောင်းနှင်ပြီး ဒေါ်တင်တင်ဝင်း(ဘ)ဦးလွန်းမောင် လိုက်ပါလာသည့် NOAH အမျိုးအစား ယာဉ်အမှတ်၊ 7N/--အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ဒေါ်တင်တင်ဝင်း၏ အစိမ်း ရောင် ပလတ်စတစ်လက်ဆွဲခြင်းနှင့် ၎င်း၏ အင်္ကျီအတွင်း ဝှက်၍သယ်ဆောင်လာသော ၁၁ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ငါးခွက် (စုစုပေါင်း ၅၅ ဂရမ်ခန့်) (ခန့်မှန်းတန်ဖိုး ငွေကျပ်၅၅ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့်မူးယစ်ဆေးဝါးများအား မိုးမောက် မြို့နယ်ရဲစခန်းသို့စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...