Social Icons

Pages

Tuesday, February 5, 2019

(၂၆) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

(၂၆) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)  စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၎
-
(၇၄)နှစ်မြောက်  တပ်မတော်နေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သည်။
-
အဆိုပါ အခမ်းအနားသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြိုင်ပွဲကျင်းပ ရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊  ပြိုင်ပွဲဝင် စစ်တီးဝိုင်း အဖွဲ့များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
-
-
အခမ်းအနား အစီအစဉ်အလိုက် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြု ကြပြီးနောက် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က အဖွင့်မိန့် ခွန်းပြောကြားသည်။ ထို့နောက်တပ်မတော် ဂုဏ်ပြု စစ်တီးဝိုင်း အဖွဲ့က သရုပ်ပြတီးခတ် ဖျော်ဖြေရာ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။ အဆိုပါ(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စစ်တီးဝိုင်း အဖွဲ့ပေါင်း ၅၆ဖွဲ့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...