Social Icons

Pages

Friday, February 15, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ ASAHI SHIMBUN သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများအား ဖြေကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ Asahi Shimbun သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများအား ဖြေကြား
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၄ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ Asahi Shimbun သတင်းဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr. Ryuta SOMETAYA အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ 
-
ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၈ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားအမြင်၊ လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ဆောင်ရွက်နေမှုနှင့် ဆက်လက်ပါဝင်ဆောင်ရွက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအရေးကိစ္စအား တပ်မတော်နှင့် အစိုးရ၏ ဖြေရှင်းဆောင်ရွက်ချက်များအပေါ် နိုင်ငံတကာမှအမှန်အတိုင်း မသိရှိဘဲစွပ်စွဲပြောဆိုနေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက် တပ်မတော်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ နှင့်ဂျပန်နိုင်ငံမှပါဝင်ကူညီဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းမှုများပေါ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောထားအမြင်များအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...