Social Icons

Pages

Monday, January 21, 2019

ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းကဲ့သို့သော လမ်းမကြီးများ၌ YBS ယာဉ်လိုင်းများ ညပိုင်းအချိန်ထိ ပြေးဆွဲနိုင်ရန် လေ့လာမှုများ လုပ်ဆောင်

ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းကဲ့သို့သော လမ်းမကြီးများ၌ YBS ယာဉ်လိုင်းများ ညပိုင်းအချိန်ထိ ပြေးဆွဲနိုင်ရန် လေ့လာမှုများ လုပ်ဆောင်
-
ရန်ကုန် ဇန်နဝါရီ ၂ဝ
-
ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းကဲ့သို့သော လမ်းမကြီးများပေါ်၌ အခြေပြုပြေးဆွဲနေသည့် YBSယာဉ်လိုင်းများကို ညပိုင်းအချိန်ထိ သတ်မှတ်ပြေးဆွဲရန်လိုအပ်သည့်လေ့လာမှုများလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံမှ သိရသည်။
-
ထိုကဲ့သို့ ညပိုင်းအချိန် ပြေးဆွဲရန် လုပ်ဆောင်ရခြင်းမှာ ကြားကားများ ပပျောက်စေရန်ဖြစ်ပြီး ညမိုးချုပ်အလုပ်ပြန်ချိန်တွင် ကြားကားများကိုသာ အားထားစီးနင်းရသောခရီးသွားပြည်သူများအတွက် အထောက်အကူပြုစေရန် ယခုကဲ့သို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
-
''ခရီးသွားပြည်သူတွေအနေနဲ့ ညပိုင်းမှာYBS ယာဉ်ရှားပါးမှု ပြဿနာကို တွေ့ကြုံနေရပြီး ကြားကားတွေကိုပဲ အားကိုးနေရတဲ့အတွက် ကြားကားပပျောက်ဖို့ အခုလိုစီစဉ်နေတာ ဖြစ်ပါတယ်။ ညဘယ်အချိန်ထိ ခရီးသည်တွေသွားလာမှုရှိတယ်၊ ခရီးသည်အရေအတွက် ပျမ်းမျှဘယ်လောက်အထိ သွားလာနေကြတယ်ဆိုတာတွေ၊ ဘယ်မြို့နယ်တွေကို ပြန်တဲ့ကားတွေကို စီးနင်းလေ့ရှိကြတယ်ဆိုတာတွေကို ကွင်းဆင်းပြီးတော့ ဆာဗေးလုပ်နေတာဖြစ်ပါတယ်'' ဟု ဒေါက်တာမောင်အောင်ကပြောသည်။
-
လက်ရှိတွင် Omni Focus ကုမ္ပဏီမှ လေဆိပ်-ဆူးလေ ယာဉ်လိုင်း၊ YBS ၂ဝ ယာဉ်လိုင်း၊ YBS ၈၃ ယာဉ်လိုင်း၊YBS ၉၈ ယာဉ်လိုင်း၊YBS ၉၉ ယာဉ်လိုင်း စသည့် ယာဉ်လိုင်းတို့ဖြင့် ၂၄ နာရီ ပြေးဆွဲလျက်ရှိပြီး တခြားယာဉ်လိုင်း အများစုမှာ ည ၈ နာရီနောက်ပိုင်း ပြေးဆွဲမှု နည်းပါးသကဲ့သို့ လုပ်ငန်းခွင်မှ ပြန်ကြသည့် ခရီးသွားပြည်သူ များမှာလည်း ကြားကားများကိုသာ အားထားရသော အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း သိရသည်။
-
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရီးသည်ပို့ဆောင်ရေးတွင် City Bus ၄၇၅၈ စီးရှိကာ တစ်ရက်ပျမ်းမျှ ပြေးဆွဲသည့်ကား ၃၅၄၂ စီးရှိကြောင်း၊ Mini Bus ၁၂၅၃ စီးရှိကာ တစ်ရက်ပျမ်းမျှ ပြေးဆွဲသည့်ကား ၇၃၃ စီးရှိကြောင်း သိရသည်။
-
ထက်ခိုင်(စမ်းချောင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...