Social Icons

Pages

Tuesday, January 15, 2019

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ ဒေသခံပြည်သူ တစ်ဦး ထိခိုက် ဒဏ်ရာရရှိ

-
နေပြည်တော် ဇန်နဝါရီ   ၁၄ 
-
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ မိုင်ခွန်ကျေးရွာနေ ဦးစောမြင့်(ဘ)ဦးသာဘိုသည် ဇန်နဝါရီ၁၃ ရက် နံနက်ပိုင်းတွင် ထင်းခုတ်ရန် နေအိမ်မှထွက်ခွာခဲ့ရာ  အဆိုပါကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ KIA  အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထောင်ထားသော နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့်   မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ 
-
အဆိုပါ မိုင်းထိလူနာအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...