Social Icons

Pages

Monday, January 21, 2019

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဆက်လက် ကျင်းပ

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများ ဆက်လက် ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ   ၂ဝ
-
၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ဆင်ဖြူရှင် ခန်းမ၌ လည်းကောင်း၊အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ လည်းကောင်း၊ အမျိုးသား/ အမျိုးသမီးဂျူဒိုပြိုင်ပွဲကိုဇေယျာသီရိ အားကစားရုံ(A) ၌လည်းကောင်း၊  မြန်မာ့သိုင်း ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (C)၌လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ အလေးမနှင့် ကာယဗလပြိုင်ပွဲ တို့ကိုကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ အားကစားရုံများ၌လည်းကောင်း  အသီးသီး ဆက်လက်ယှဉ်ပြိုင်ကြသထို့ပြင် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင် ရင်းကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် စစ်သည်များ၏ စိတ်ဓာတ်မြင့်မား တိုးတက်စေရန်နှင့် ခြေလက်အင်္ဂါစွန့်လွှတ်ခဲ့ရသော်လည်း ဇွဲ၊ လုံ့လအရင်းတည်ကာ ''မသန်လည်းလူသန်လည်းလူ စွမ်းဆောင်သူသာ အဓိက'' ဟူသော ဂုဏ်ပုဒ်နှင့်အညီ အရည်အချင်း ပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မြန်မာ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွန်း လာစေရန်ရည်ရွယ်ချက်များဖြင့် ၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများမှ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)မသန်စွမ်းပြေးခုန်ပစ် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်း၌ ဇေယျာသီရိ တပ်မတော်အားကစားကွင်းတွင်  စတင်ယှဉ်ပြိုင်ကစားကြသည်။
-
-
-
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၊မြန်မာနိုင်ငံ မသန်စွမ်းသူများ အား ကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဝင်းလွင်နှင့် တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့်အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...