Social Icons

Pages

Monday, January 21, 2019

ဝသဝတ္တီခြောက်ထပ် ဓမ္မဗိမာန်တော် ကျောင်းလွှတ်ပူဇာ အခမ်းအနား ကျင်းပ

ဝသဝတ္တီခြောက်ထပ် ဓမ္မဗိမာန်တော် ကျောင်းလွှတ်ပူဇာ အခမ်းအနား ကျင်းပ
-
ရန်ကုန် ဇန်နဝါရီ  ၂ဝ
-
ဝသဝတ္တီခြောက်ထပ် ဓမ္မဗိမာန်တော်ကြီး ကျောင်းလွှတ်ပူဇာ အလှူတော်မင်္ဂလာ အခမ်း အနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက် ဇောတိကလမ်းရှိ အသောကသီတဂူ ကျောင်းတိုက်၌ ကျင်းပသည်။ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာထေရ ဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်  အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
-
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာနန္ဒမာလာဘိဝံသထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာ မုဒိတာစကားကို ဖတ်ကြား လျှောက်ထားပြီး တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသထံမှ အနုမောဒနာ ရေစက်ချတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှ ပေးဝေကြသည်။
-
ဆက်လက်၍ ဝသဝတ္တီခြောက်ထပ် ဓမ္မဗိမာန်တော်ကို  သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ  ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ အမှူးပြုသည့် ဆရာတော် သံဃာတော်များနှင့် တာဝန်ရှိသူများသည် ဓမ္မဗိမာန်တော်ကြီး မှတ်တမ်း ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြကြောင်း သိရသည်။            
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...