Social Icons

Pages

Tuesday, January 15, 2019

စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၁၄ 
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျားမသောက်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့များက  အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့များက သံဃာတော်လေးပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁၅၂ ဦးတို့အား အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာတစ်ဦးအား စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                           
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...