Social Icons

Pages

Wednesday, January 9, 2019

AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော နင်းမိုင်း ၁ လုံးအား နင်းမိ ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထောင်ထားသော နင်းမိုင်း ၁ လုံးအား နင်းမိ ပေါက်ကွဲ ခဲ့သဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
-
နေပြည်တော် ၊ ဇန်န၀ါရီ  ၈ 
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာနေ မမေသန်းနု (ဘ) ဦးမောင်ရန် အောင်သည် ယနေ့နံနက် ၁၀ နာရီခန့်တွင် အောက်ဂန်ဒလူးကျေးရွာရှိ ဆွေမျိုးများထံ သွား ရောက်ပြီး မော်တော် ဆိုင်ကယ် ဖြင့်ပြန်လာစဉ် ပန်းပဲချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ထောင်ထားသော နင်းမိုင်း ၁လုံးအားနင်းမိ ပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာ များရရှိခဲ့သည်။ 
-
အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေး ပြောကြားပြီး ဘူးသီးတောင်မြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသမှု ခံယူစေ လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...