
-
နေပြည်တော် ဒီဇင်ဘာ ၁၆
-
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ကဝါးပန်ကျေးရွာအုပ်စု၊ ဒရုခကျေးရွာနေ ဦးလဂျွန်လ(ဘ)ဦးလယော်သည် တစ်ရွာတည်းနေ အမျိုးသားသုံးဦးနှင့်အတူ ဒီဇင်ဘာ ၁၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် တောထဲမှ ငါးရှာ၍ပြန်လာစဉ် ကျေးရွာ၏အနောက် မြောက်ဘက် ၆ မိုင်ခန့်အကွာသို့အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သော နင်းမိုင်းတစ်လုံးနင်းမိ ပေါက်ကွဲသဖြင့် ဦးလဂျွန်လသည် မိုင်းစထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး အဖော်ဖြစ်သူ ဦးခမ်နားဆမ်တူးမှာ မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် တပ်မတော်သားများက လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး မြစ်ကြီးနားမြို့ရှိတပ်မတော် ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူစေ လျက်ရှိသည်။
-
အဆိုပါမိုင်းထိလူနာအား နယ်မြေခံတပ်မှတာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment