
-
ဖြူး ဒီဇင်ဘာ ၁၇
-
ရိုးရာယဉ်ကျေးမှု ရှေ့ဆက်လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်၍ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ နယ် ခရမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၂၆)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲတော် အခမ်းအနား ကျင်းပ သည်။ ရှေးဦးစွာ ရှမ်းနှစ် ၂ဝ၁၃ ခုနှစ် (၂၆)ကြိမ်မြောက် ရှမ်းနှစ်သစ်ကူး ကောက်သစ်စားပွဲ တော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
-
ထို့နောက် ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးက ဖတ်ကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နာယကနှင့် ဥက္ကဋ္ဌ တို့က ကျေးဇူး တင်စကား ပြန်လည်ပြောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်သော ငွေကျပ် ၂ဝ၅ဝဝဝဝ ကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်သည်။ ယင်းနောက် ရှမ်းရိုးရာ နှစ်သစ်ကူးယဉ်ကျေးမှု အဆို၊အကများဖြင့် ကပြသီဆို ဖျော်ဖြေ တင်ဆက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment