Social Icons

Pages

Thursday, December 13, 2018

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

-
နေပြည်တော်  ဒီဇင်ဘာ  ၁၂ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ သံအမတ်ကြီး မိုက်ကယ် မစ်ကလက်နှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၏မြန်မာကော်မတီဥက္ကဋ္ဌ ရှယ်ဗယွန်ကုမ္ပဏီတို့ ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံ တွေ့ဆုံသည်။ 
-
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ  ဦးစိုးမင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
-
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့တွင်  အမေရိကန်သံရုံး သံရုံးယာယီ Mr. George  Sibley အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီအဖွဲ့ဝင် ကုမ္ပဏီများဖြစ်ကြသည့်   Abbot, Amazon, Chevron, Coca-Cola,  Ford, Master Card,  Visa   ကုမ္ပဏီတို့မှ ကိုယ်စားလှယ် ၃ဝ ဦးလည်း  ပါဝင်တက်ရောက်ကြောင်း သတင်း ရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...